ဒွိုင်းလ် လို့ခေါ်တဲ့ လက်သစ်သင်းအုပ်ဆရာလေးတစ်ယောက်ဟာ သူ့ရဲ့ နေရာဝန်းကျင်မှာ အချိန်တိုအတွင်းမှာ လူတွေအများကြီးကို ခရစ်ယာန်ဖြစ်သွားအောင် သွန်သင်နိုင်ခဲ့ပြီးလူပေါင်းများစွာကို နှစ်ခြင်းပေးနိုင်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့နားတစ်ဝိုက်မှာ ဘုရားကျောင်းတွေများပြီးတက်ရောက်တဲ့သူတွေလည်းများလာပါတယ်။ဒီလိုနဲ့ ဒွိုလ်ဟာ တခြား သင်းအုပ်ဆရာနဲ့ အသင်းလူကြီးတွေဖြစ်ကြတဲ့ ဘက်ဗ်၊ ဟာရိုး ဂျော့ဂ်ျတို့နဲ့ ဆွေးနွေးပြီး နေရာသစ်တစ်ခုမှာဘုရားကျောင်းဆောင်သစ်တစ်ုခကို ဆောက်လုပ်ဖို့တိုင်ပင်ခဲ့ကြပါတယ်။ဒါပေမဲ့ ပြဿနာက သူတို့ရဲ့အရင်ဘုရားကျောင်းတွေကို ဖျက်သိမ်းပြီး မြေရောင်းထုတ်ရင်တောင်မှအဆောက်အအုံသစ်ဆောက်လုပ်ဖို့အတွက် ဒေါ်လာ ၅ သောင်းလိုနေပါသေးတယ်။မတည်ငွေထပ်ရှာဖို့ အနီးအနားက ရင်းနှီးမြှုပ်နှံမှုပိုင်ရှင် ကန်စထရစ်ကလာဆိုတဲ့သူကိုသွားတောင်းဆိုပြန်တော့လည်း အာမခံချက်မရှိတဲ့ စီမံကိန်းမလို့ ပိုက်ဆံမထုတ်ပေးနိုင်ဘူးဆိုပြီးဖြစ်သွားပါတယ်။ဒီလိုနဲ့ပဲ ရှိရာနဲ့ဆောက်မယ်ဆိုပြီး စဆောက်ဖြစ်တဲ့အခါမှာလည်းလက်သမားဖြစ်သူဟာ မကျန်းမာလို့ ဆောက်ရင်းတန်းလန်း ဆောက်လုပ်ရေးကိုရပ်လိုက်ရပြန်ပါတယ်။ဒီလိုနဲ့ အမှတ်မထင်ဘဲ သင်းအုပ်ဆရာတို့နေရာ အရပ်ကို တစ်ချိန်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဂလန်းဖရန့်ခ်ဆိုတဲ့သူဟာပြန်ရောက်လာခဲ့ပါတယ်။ပြန်ရောက်လာဆဲမှာပဲ အလုပ်လက်မဲ့ အရက်သမားဖြစ်လို့ သမီးဖြစ်သူက အလုပ်သွားရှာဖို့ပြောရင်း ဒွိုင်းလ်တို့ရဲ့သင်းအုပ်ဆရာအတွက် အစားထိုးလက်သမားလုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။တစ်ချိန်က ပြစ်မှုလုပ်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့်လည်း ဖရန့်ခ်တစ်ယောက် သင်းအုပ်ဆရာတို့မိသားစုရဲ့နွေးထွေးမှုနဲ့ ကြုံလာရတဲ့အခါမှာတော့ သူ့ဘဝကြီးဟာ တစ်စပြီးတစ်စ ပြောင်းလဲပြီး ဘုရားနဲ့ပိုပြီးနီးကပ်လာပါတော့တယ်။