Coming-of-age Drama တွေထဲမှာမှ အသက်အရွယ်တစ်ခုကိုဖြတ်သန်းကျော်ဖြတ်ရပုံတွေကို တင်ဆက်တဲ့နေရာမှာအခက်အခဲတွေ၊ ပတ်ဝန်းကျင်အပြောင်းအလဲတွေ အပြင် စ/လယ်/ဆုံးဝမ်းနည်းဆွတ်ပျံ့ဖွယ်ကောင်းတဲ့ ခံစားချက်တွေကိုပေးစွမ်းနိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။တစ်ခါက ပြည်နယ်တစ်ခုလုံးကို ချုပ်ကိုင်ထားနိုင်တဲ့ ဖိုလီမိသားစုဟာဟန့်ခ်ဖိုလီ ရဲ့ လက်ထက်မှာစတင် ဆုတ်ယုတ်လာခဲ့ပါတယ်။သမီးဖြစ်သူ မာရီရဲ့ လင်ကောင်မပေါ်တဲ့ကလေးဖြစ်သူဂျိုအန်းလေးကိုအဘိုးဖြစ်သူကိုယ်တိုင်က မွေးကင်းစကတည်းက စွန့်ပစ်ဖို့ကြိုးစားခဲ့ပါတယ်။ဟန့်ခ်ဖိုလီရဲ့ ရက်စက်ယုတ်မာမှုကို ကံကြမ္မာကိုယ်တိုင်ကလက်ပိုက်ကြည့်မနေနိုင်ခဲ့ဘဲ မိခင်ဖြစ်သူမာရီရဲ့ရင်ခွင်ထဲ ပြန်ရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ဂျိုအန်းရဲ့ကလေးဘဝမှာ မိခင်ဖြစ်သူရဲ့ မေတ္တာကိုလည်း အပြည့်အဝမရအဘိုးရဲ့ ကြင်နာမှုကိုလည်း အရိပ်အယောင်တောင်မမြင်ခဲ့ရဘဲကျောင်းစတက်မယ့်အရွယ်ထိ ကြီးပြင်းလာခဲ့ရပါတယ်။ပညာရေးကို အလေးအနက်မထားတဲ့ အုပ်ထိန်းသူတွေကြားမှာ ကြီးပြင်းခဲ့တာကြောင့်ဂျိုအန်းကလေးဟာရွယ်တူကျောင်းသားတွေအလယ်မှာလှောင်ပြောင်စရာတစ်ခုအနေနဲ့ နိမ့်ပါးနေခဲ့ပါတယ်။သူနဲ့ အသက်ရွယ်တူဖြစ်ပေမယ့်ဦးလေးတော်စပ်နေသူဘော်ဘီနဲ့လည်းတစ်ကျောင်းတည်းတက်ရပေမယ့် အဘိုးရဲ့မျက်နှာသာပေးမှုကိုတော့ ဘော်ဘီလောက် မရရှိခဲ့ပါဘူး။ကျောင်းကနေထွက်ပြေးလာတဲ့ အပြန်လမ်းမှာမြင်းလှည်းမောင်းနှင်လာသူလူမည်းအဘိုးအို တူးတောလ် နဲ့ တွေ့ဆုံခဲ့ပါတယ်။အဘိုးဖြစ်သူရဲ့စရိုက်တွေ ငယ်စဉ်ကတည်းက ရိုက်သွင်းခံခဲ့ရတဲ့ဘော်ဘီက တူးတောလ်ကိုခွဲခြားဆက်ဆံခဲ့ပေမယ့်ဂျိုအန်းကတော့ မြင်းလှည်းလေးပေါ်ကနေ တူးတောလ် နဲ့ဟန်နီတို့ရဲ့အိမ်ဂေဟာထိအောင် လိုက်ပါသွားခဲ့တယ်။နောက်ဆုံးမှာတော့ချစ်ခြင်းမေတ္တာဆိုတာကမထင်မှတ်ထားဆုံးနေရာမှာမှ ရှာဖွေတွေ့ရှိတတ်ကြတဲ့ရတနာတစ်ပါး ဖြစ်နေတတ်တာမျိုးပဲမို့…ဟန်နီနဲ့တူးတောလ်တို့ရဲ့အိမ်လေးကိုသွားရာလမ်းလေးကမေတ္တာချို့တဲ့နေရှာသူ ဂျိုအန်းအတွက် သူ့ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာလေးဆီကိုရောက်နိုင်မယ့် လမ်းကြောင်းလေးဖြစ်လာပါတော့တယ်။