Love Forecast HD

Love Forecast

Comedy Romance HD 2015-01-14 6.7 118 Min

မူလတန်းကျောင်းဆရာလေးဖြစ်တဲ့ ဂန်ဂျွန်းဆူ (Lee Seung-Gi) က ချစ်မိပြီဆိုတာနဲ့သူချစ်ရတဲ့မိန်းကလေးအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးတတ်သူဖြစ်ပေမဲ့လည်းတွဲလိုက်တိုင်း ရက် ၁၀၀ မပြည့်ခင် လမ်းခွဲခံရစမြဲ ဖြစ်ပါတယ်။ဂန်ဂျွန်းဆူရဲ့ငယ်သူချင်းဖြစ်သူ ဂင်ဟျွန်းအူ (Moon Chae-Won) ကတော့ မိုးလေဝသ သတင်းကြေညာသူဖြစ်ပြီး လှပတဲ့ရုပ်ရည်ကြောင့် ရာသီဥတုနတ်သမီးလို့ နာမည်ကြီးပြီး ပုရိသတိုင်းရဲ့အချစ်ကို ခံရသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း မချစ်သင့်တဲ့လူကို သွားချစ်မိရာကနေ စိတ်ဒဏ်ရာရသွားပြီးနောက်မှာတော့ …ဂင်ဟျွန်းအူတစ်ယောက် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ သူ့အနောက်မှာရှိနေခဲ့တဲ့ ပြောမနာဆိုမနာသူငယ်ချင်း ဂန်ဂျွန်းဆူကို သတိထားမိသွားမလား ။ဂန်ဂျွန်းဆူကရော သူ့ကို အမြဲတမ်းရိုက်ပြီး အနိုင်ကျင့်နေတဲ့ သူငယ်ချင်း ဂင်ဟျွန်းအူအပေါ်သူငယ်ချင်းထက်ပိုတဲ့ခံစားချက် ရှိလာမလားဆိုတာကိုတော့….သွားအတူ ,စားအတူ ,အသည်းကွဲရင်လည်းအတူ အရက်သောက်ဖော်သောက်ဖက်ဖြစ်ကြတဲ့ငယ်သူငယ်ချင်းနှစ်ယောက် Friend Zone ထဲကနေ လွတ်မြောက်နိုင်မလားဆိုတာကိုရယ်မောရင်း ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. ။