Date Movie HD

Date Movie

Comedy Romance HD 2006-02-17 4.269 83 Min

Spoof/Parody တွေလှိုင်လှိုင်ခေတ်စားခဲ့တဲ့ ၂၀၀၀ ခုနှစ်ကျော်ကာလများက ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီးနောင်တော်ကြီးတွေဖြစ်တဲ့ Scary Movies, Not another Teen moviesတို့လယ်ဗယ်ကိုမရောက်ပေမယ့်လည်းဖျော်ဖြေမှုပေးနိုင်ဆဲဇာတ်ကားတစ်ကားပါ။ဒီကားကတော့နာမည်ကျော် Rom/com တွေကို spoof လုပ်ထားတာဖြစ်ပြီးတော့My big fat greekwedding,Meet the Parents,Hitch,When Harry Met Sally,Sweet Home Alabama အစရှိတဲ့ဇာတ်ကားတွေပါဝင်ပါတယ်။ဒီဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီခေတ်ကာလ Popculture ကိုတီးမိခေါက်မိရှိမယ်ဆိုရင် ဇာတ်ကားထဲကဟာသတွေကပိုပြီးရုပ်လုံးကြွ ရယ်ရပါလိမ့်မယ်။Cheesy ဖြစ်တဲ့ဖောက်ကွက်တွေပါဝင်သလို တစ်ချို့ဟာသတွေကျတော့လည်းတကယ်ထိရောက်ပါတယ်။တစ်ခုရှိတာက Woke Mindset ခေတ်မစားခင်ကာလကထွက်ခဲ့တဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဘာကိုမှ အထာမထားပဲ Shaming တွေ descriminationsတွေလည်းလှိုင်လှိုင်ပါဝင်နေတာမို့စိတ်လျှော့ပြီးကြည့်ကြဖို့အကြံပြုချင်ပါတယ်။