Sky Peals ဇာတ်ကားဟာ imdb 5.8 / Rt 100% ရထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဒါက အတွေးအခေါ်ကားလေးတစ်ကားပါပဲ။ငယ်ငယ်တုန်းက ဘာမှမပြောပဲပျောက်သွားပြီး ဆုံးပြီးသွားမှဘ၀ထဲပြန်၀င်လာတဲ့အဖေဖြစ်သူကြောင့် စားသောက်ဆိုင်မှာ ညဆိုင်းလုပ်တဲ့ လူငယ်လေးတစ်ယောက်ဘ၀က ပုံမှန်ကနေစပြီးလွဲချော်သွားခဲ့တယ်။ဇစ်မြစ်မရှိဘူးထင်ရတဲ့အဖေဖြစ်သူနောက်ကြောင်းကိုလိုက်ရင်း မိမိဘယ်သူဆိုတဲ့အရာကို အဖြေရှာသွားမှာကို ကြည့်ရှု့ရမှာပါ ။