မြို့တစ်မြို့မှာ မူးယစ်ဆေးအသစ်တစ်မျိုး ပေါ်လာပြီး အဲ့ဒီဆေးကို သုံးတဲ့လူတွေက လက်တွေ့မဆန်တဲ့ အိပ်မက်တွေ၊ စိတ်ရှုပ်ထွေးမှု၊ နောက်ဆုံးရူးသွပ်တဲ့အထိ ဖြစ် လာကြတယ်။Cy နဲ့သူ့သူငယ်ချင်း Skylar တို့ဟာ မူးယစ်ဆေးလွန်ဖြစ်နေတဲ့ လူတစ်ယောက်ကို ကယ်တင်ပြီးနောက် အဲ့ဒီမူးယစ်ဆေးကို စိတ်ဝင်စားလာကာ စမ်းသုံးကြည့်ကြပါတယ်။အဲ့ဒီနောက်ဆေးရောင်းသမား တစ်ယောက်က ဆေးတစ်အိတ်ပေးပြီး ရောင်းစမ်းခိုင်းပါတယ်။သူတို့နှစ်ယောက်ဟာ မူးယစ်ဆေးလောကထဲဝင်လာပြီး ကိုယ်တိုင်လဲ မူးယစ်ဆေးစွဲလာ ကာမူးယစ်ဆေးရောင်းဝယ်သုံးဘဝကကနေ Cy က လွတ်မြောက်အောင် ကြိုးစားဖို့ ဆုံးဖြတ်ချက် ချလိုက်ပေမယ့်လည်း Skylar ကတော့ သုံးနေဆဲဖြစ်ကာ သူတို့ကြားးကဆက်ဆံရေးတင်းမာမှုတွေ အရင်ကဆက်နွယ်ဖူးသူတွေကြောင့် ဘယ်လိုအန္တရယ်တွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ။