A Distant Place FHD

A Distant Place

Drama FHD 2020-06-04 6.6 119 Min

Hear Me: Our Summer, Revenant, Weak Hero Class အစရှိတဲ့ ဇာတ်ကားတွေထဲမှမင်းသား Hong Kyungနဲ့ အတူ၊ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ဖြစ်တဲ့ သရုပ်ဆောင် Kang Gil Wooတို့ နှစ်ယောက် အဓိက သရုပ်ဆောင်များ အဖြစ် ပါဝင်ထားတဲ့ ဇာတ်ကားလေး တစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ဟွာချွန်း နယ်မြို့လေးမှာ ချစ်စရာ သမီးလေးတစ်ယောက်နဲ့ ဇာတ်မြှုပ် နေထိုင်နေတဲ့သိုးကျောင်းသား ဂျင်ဝူး….သူဟာ လျှို့ဝှက်ချက်တစ်ခုကို ရင်ဝယ်ပိုက်ရင်း ဆိုးလ်မြို့ပြကနေ ထွက်ပြေးလာသူတစ်ဦးပေါ့။နယ်ခံတွေရဲ့ နွေးထွေးမှုနဲ့အတူ မိမိရိပ်မြုံလေးကို တည်ဆောက်နေရင်းမှာပဲ…သူရဲ့ အတိတ်က လူ (၂) ဦးရောက်လာတဲ့အချိန်မှာ သူရဲ့အေးချမ်းနေတဲ့ နေရာလေးဟာတဖြည်းဖြည်းချင်း ပြိုကွဲစပြုလာပါတော့တယ်။ကန့်သတ်ချက် စည်းဘောင်ကြားက ချစ်ခြင်း မေတ္တာတွေ၊ ဘဝ အဖုံဖုံရဲ့ လှပ ပူဆွေးမှုတွေကိုရသအထွေထွေနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်။