Runway Cop FHD

Runway Cop

Comedy Romance FHD 2012-05-30 5.4 110 Min

ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က Cha Cheol-soo (Kang Ji-hwan) လို့ ခေါ်တဲ့ရဲအရာရှိ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ အတော်လေးကို ဝပြီးတော့ တစ်ကိုယ်ရည် သန့်ရှင်းရေးကိုလည်း ဂရုမစိုက်တဲ့အတွက် အနံ့အသက် အလွန်ဆိုးဝါးပြီး အမြဲညစ်ပတ်နံ‌စော်နေတတ်တဲ့ ရဲတစ်ယောက်ဖြစ်ပေမဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်တဲ့ နေရာမှာတော့ အစွမ်းကုန် ကြိုးစားတတ်တဲ့သူပါ။တစ်နေ့မှာတော့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတစ်ခုကို ဖော်ထုတ်ဖို့အတွက်ဖက်ရှင်လောကထဲကို လျှို့ဝှက်စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးခံခဲ့ရတယ်။ အဲဒီအတွက် သူဟာမော်ဒယ်တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာပဲဖြစ်ပါတယ်။ပြဿနာကတော့ မော်ဒယ်ဖြစ်ဖို့အတွက် အချိန်တိုအတွင်း ၂၀ ကီလိုဂရမ် လောက် ကိုယ်အလေးချိန်ချပြီးခန္ဓာကိုယ်ကိုပါ ပြောင်းလဲရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ Cha Cheol-soo တစ်ယောက် သူ့ရဲ့ ရဲတာဝန်ကိုထမ်းဆောင်ရင်း ဖက်ရှင်လောကထဲမှာ မော်ဒယ်တစ်ယောက်အနေနဲ့ ဘယ်လို အခက်အခဲတွေရင်ဆိုင်ရမလဲ၊ဒီဇိုင်နာ Young-jae နဲ့ရော ဘယ်လိုဆက်ဆံရေးတွေဖြစ်လာမလဲ၊မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ဂိုဏ်းကိုရော ဖော်ထုတ်နိုင်မလားဆိုတာကိုဟာသနှောပြီး တင်ဆက်ထားတာဖြစ်လို့ အက်ရှင်ဟာသ ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူများ ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ်ခြုံပြီးပြောရရင် “Runway Cop”ဇာတ်ကားဟာ စိတ်ကို ပေါ့ပါးစေပြီး တဝါးဝါး တဟားဟားနဲ့ရယ်မောပျော်ရွှင်စေမဲ့ ကိုရီးယား ဟာသကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဒါပေမဲ့ ဇာတ်ကားအရှေ့ပိုင်းမှာတော့ ရွံစရာကောင်းတဲ့ အခန်းလေးတွေ ပါတဲ့အတွက်ကြောင့်ထမင်းစားရင်းနဲ့တော့ မကြည့်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။