Filth HD

Filth

Comedy Crime Drama HD 2013-09-23 6.852 97 Min

ဘရုစ်ဆိုတာက “စစ်နိုင်သူသာလျှင် သမိုင်းကိုရေးသည်” ဆိုတဲ့ လက်သုံးစကားကိုလက်ကိုင်ထားပြီး ဌာနတွင်းရာထူးတိုးမယ့်ကိစ္စကို ဟိုလူ့ပတ်ချွတ်၊ ဒီလူ့ပတ်မ၊ဝေ့ဝိုက်ပြီးတမျိုး၊ ဒဲ့တမျိုးပလိစိခြောက်ချက်ဉာဏ်ကို အလွှာလိုက်သုံးကာ ယူဖို့ကြိုးစားနေသူဖြစ်ပါတယ် ရုံးတွင်းရာထူးတိုးမယ်ဆိုသိတဲ့အတိုင်း ဖြစ်နိုင်ချေတွေကလည်းခပ်များများရယ်။ အားလုံးက Potential Threatဖြစ်ပါတယ်။ ဒါကိုတော့ ဘရုစ်ကမမှုပါဘူး။ဘာလို့ဆို သူက အရာအားလုံးကို မရရအောင် ယူမယ့်လူမဟုတ်လား။ဘရုစ်မှာ ချစ်ရတဲ့ ချစ်ဇနီးလေး ကာရိုးဆိုတာရှိတယ်။ ကာရိုးကလည်းဘရုစ်ကိုချစ်တယ်။သူ့ယောကျ်ားရာထူးတိုးမှာကိုလည်း သိတယ်။ ယုံကြည်တယ်။ ဒီလိုနဲ့ ဂျပန်လူမျိုးတစ်ယောက်အသတ်ခံလိုက်ရရော။ အသတ်ခံရတဲ့အမှုမှာ ဘရုစ်ကို ခေါင်းဆောင်ခန့်ပြီးအမှုလိုက်ခိုင်းတယ်။ရာထူးတိုးဖို့ သူများက လှေကားနဲ့တက်နေရချိန် ဓာတ်လှေကားစီးဖို့ လက်မှတ်ရသလိုဖြစ်သွားခဲ့တယ်။“ဒါပေမဲ့လည်း၊ အကယ်လို့များ၊ ပြီးတော့၊ ဒါမှမဟုတ်တွေ”အများကြီး ပြည့်နေတဲ့ဘရုစ်ရဲ့ ဘဝလမ်းကတော့ အညာလမ်းကားဖြတ်မောင်းသလို ဖုန်တထောင်းထောင်းနဲ့မငြိမ့်ညောင်းလှပါဘူး။ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ သေချာပဲခံစားကြည့်လိုက်ကြပါ။