The Girl with the Red Scarf HD

The Girl with the Red Scarf

Drama Romance HD 1977-11-18 7.721 86 Min

ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းဆိုတာ စာရေးပျင်းတဲ့ စာရေးဆရာတွေရဲ့ ဇာတ်သိမ်းထဲမှာပဲရှိတာ။ ပျော်ရွှင်စွာနေကြရတုန်းဆိုကတည်းက ဇာတ်မသိမ်းသေးလို့ပါ။ ဘယ်ဇာတ်လမ်းကမှပျော်ရွှင်စွာနဲ့ ဇာတ်သိမ်းကြရိုးထုံးစံမရှိပါဘူး။ ခွဲခွာခြင်း၊ နှုတ်ဆက်ရခြင်းတို့နဲ့ပဲ အမြဲတမ်း ဇာတ်သိမ်းကြရတာမျိုး။ ထာ၀ရဆိုတာကလည်း လူရယ်ဖြစ်တည်လာတဲ့အချိန်ရဲ့တခဏသာပဲမလား။အစ္စတန်ဘူမြို့ကြီးသား ကုန်ကားသမား အီလိယာ့စ်နဲ့ ကျေးလက်သူလေး အာစယာတို့ကြားက ချစ်ခြင်းမေတ္တာကိုတင်ဆက်ထားတဲ့တူရကီအချစ်ဇာတ်လမ်း။အနီရောင်ခေါင်းစည်းပဝါလေးနဲ့ ကျေးလက်သူလေးအာစယာကို မြင်မြင်ချင်းကတည်းက ကြွေခဲ့တဲ့ အီလိယာ့စ်တစ်ယောက် ပိုင်ဆိုင်ဖို့ကြိုးစားခဲ့ပြီး၊ နှစ်ယောက်သား အတူပေါင်းဖက်လို့ပျော်ရွှင်စရာအချိန်တွေရှိခဲ့ပေမဲ့ ကြမ္မာဆိုးတို့မည်သည် အချိန်အခါမကြည့်ဘဲ ဝင်လာတတ်တာမို့ သူတို့ချစ်ခြင်းတရားလည်း ဘာတွေပဲကြုံကြုံ ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းနဲ့ရပ်တန့်နေခဲ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။