ဒီတစ်ခါမှာတော့ ဘ၀အမောလေးတွေပြေစေမဲ့ ကန်နာဒါစကားပြော လူငယ်-အချစ်ဟာသရုပ်ရှင်တစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းဟာ ၂၀၀၈ က ထွက်ထားတဲ့ Gaalipata နဲ့ နာမည်တူပေမဲ့ နောက်ဆက်တွဲဇာတ်လမ်းမဟုတ်ဘူးလို့တော့ ဆိုပါတယ်။ အချိန်နဲ့နေရာတွေသာ ပြောင်းသွားပြီး ဇာတ်ကောင်တချို့နဲ့ ဇာတ်လမ်းကျောရိုးကတော့ ခပ်ဆင်ဆင်ပါပဲ။ကောလိပ်ကျောင်းတုန်းက သူငယ်ချင်းသုံးယောက်သူတို့ဆရာကို သွားတွေ့ဖို့အတွက် ခရီးထွက်လာတာနဲ့ ဇာတ်ကို အစပျိုးထားပါတယ်။အဲဒီနောက်မှာ ဂါနီ၊ ဒီဂီနဲ့ ဘူရှီတို့သုံးယောက် သူတို့ဆရာနဲ့စတင်တွေ့ဆုံပုံနဲ့သူတို့တွေရဲ့အချစ်ဇာတ်လမ်းတွေ အပါအ၀င်….ကောလိပ်ကျောင်းသားဘ၀ အဖြစ်အပျက်တွေ၊ ပျော်စရာရယ်စရာတွေကိုရိုက်ကူးတင်ဆက်ထားတာမို့ ကျောင်းသားဘ၀ကို ပြန်လည်အမှတ်ရမိစေပြီး ခဏတာ စိတ်အပန်းပြေစေမှာပါ။