The Gifted Hands FHD

The Gifted Hands

Mystery FHD 2013-03-06 6.1 107 Min

ဒီကားလေးကတော့ IMDB 6.6 ရရှိထားတဲ့ Sci-Fi ကားကောင်းလေးတစ်ကားလဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့စုံထောက်ယန်ဟာ အယောင်ဆောင်ကုမ္ပဏီတစ်ခုနဲ့ပတ်သတ်မိပြီးအပိုငွေရှာခဲ့မိတဲ့အတွက်အထက်လူကြီးတွေရဲ့ ငြိုငြင်မှုကို ခံနေရတဲ့ရဲတစ်ယောက်ပါ အလုပ်လုပ်တာညံ့ဖျင်းတဲ့အတွက်လည်းအထင်သေးခံနေရပါတယ်။တစ်နေ့မှာတော့ ကလေးမိခင်တစ်ယောက်ဟာ သူမကလေးပျောက်ဆုံးနေတဲ့အတွက်တိုင်ကြားဖို့ရဲစခန်းကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်းရဲတွေကကလေးပျောက်ဆုံးနေတာကိုအရေးတယူဆောင်ရွက်ခဲ့တာမျိုး မလုပ်ခဲ့ပါဘူး။သုံးပတ်လောက်အကြာမှာတော့ ပျောက်ဆုံးနေတဲ့ကလေးငယ်အလောင်းကိုလူငယ်တစ်ခုကမမျှော်လင့်ပဲတွေ့ရှိခဲ့ပါတော့တယ် အဲ့ဒီအချိန်မှာတော့ ပြည်သူတွေကရဲတွေကိုပြင်းပြင်းထန်ထန်အပြစ်ပြောဆိုလာပါတော့တယ်။ကင်ဂျွန်ဆိုတဲ့ဂရက်ဖက်တီသမားတစ်ယောက်ဟာ အခင်းဖြစ်ပွားတဲ့နေရာကို ဂရက်ဖက်တီနဲ့ပုံဖော်ပြီးပန်းချီဆွဲခဲ့ပါတယ် ဒါကို ယန်ကမမျှော်လင့်ပဲသိရှိသွားပြီးကင်ဂျွန်ကိုစုံစမ်းစစ်ဆေးမှုတွေလုပ်ပါတော့တယ်။စုံစမ်းနေတုန်းမှာပဲ ဒါဟီးလို့ခေါ်တဲ့ ကလေးငယ်တစ်ယောက်ထပ်ပြီးပျောက်ဆုံးသွားပါတော့တယ်။စုံထောက်ယန်ကရော ဒီအမှုကိုဘယ်လိုဆက်လက်ပြီးစုံစမ်းဖော်ထုတ်မလဲကင်ဂျွန်ကရော အခင်းဖြစ်ပွားတဲ့နေရာကို ဘယ်လိုဖြစ်ပြီးရဲတွေထက်အရင် သိနေရတာလဲတရားခံအစစ်ကရော ယန်ထင်နေတဲ့ ကင်ဂျွန်လားတခြားသူတစ်ယောက်လား?သမီးငယ်လေး ဒါဟီးကိုရော ယန်ကအသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်မလားဆိုတဲ့ခံစားချက်အစုံအလင်ကို ပေးစွမ်းနိုင်တဲ့ရုပ်ရှင်ကားတစ်ကားပါသဲထိတ်ရင်ဖို ကြိုက်တဲ့ fan တွေအနေနဲ့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။