2025 မှာထွက်ရှိထားပြီး IMDb မှာ 6.4/10 ရထားတဲ့ ဒီဇာတ်ကားမှာ ကင်မရွန် ဝီဗာဆိုတဲ့ ဆယ်ကျော်သက်လူငယ်တစ်ဦးနဲ့ သူ့အမေကက်သရင်းတို့ဟာအကြမ်းဖက်တတ်တဲ့ ဖခင်ဖြစ်သူထံကထွက်ပြေးလာရင်း ကနေဒါရဲ့ ကျေးလက်ဒေသတစ်ရဲ့ လယ်မြေအိမ်တစ်ခုကိုပြောင်းရွှေ့လာတယ်။အိမ်ကို ရောက်ပြီး သိပ်မကြာခင်းမှာတင် ကင်မရွန်ဟာ ဒီနေရာဟာ အေးချမ်းတဲ့ ခိုလှုံရာမဟုတ်ဘဲ ထူးဆန်းတဲ့ အသံတွေ၊ မြင်ကွင်းတွေနဲ့ ရိုင်းစိုင်းတဲ့ခွေးတွေရဲ့ ရန်ကို ရင်ဆိုင်ရတဲ့သည်းထိတ်ရင်ဖိုနေရာတစ်ခုဖြစ်နေတာကို သိလာခဲ့တယ်။တစ်ရက်မှာ ကင်မရွန်အိမ်ခန်းထဲ ဂျက်ကီဆိုတဲ့ကောင်လေးတစ်ယောက်ရောက်လာပြီး စကားတွေလာပြောတဲ့အခါမှာတော့….ဘယ်လိုခြောက်ခြားမှုတွေက ဒီဇာတ်လမ်းကို အဆုံးထိဆွဲခေါ်သွားမလဲကြည့်လိုက်ကြရအောင်။