ဟေလာရီအိုနီးလ်ဟာ လတ်တလောမှ ကောင်လေးရဲ့ဖောက်ပြန်ခြင်းကိုခံခဲ့ရတဲ့လူဖြစ်ပါတယ်။အိမ်မှာကပ်နေတော့ အမေကလည်း မျက်နှာသာသိပ်မပေးပါဘူး။ ဒီလိုနဲ့လမ်းမှာတွေ့တဲ့လက်ကမ်းကြေညာတစ်ခုမှာ အလုပ်လျှောက်ဖို့ ဂက်ဒက်စ်မိသားစုအိမ်ကိုသွားခဲ့ပါတယ်။ဒါပေမဲ့ သူတို့ရှာနေတာက နာ့စ်၊ ဟေလာရီက နာ့စ်မဟုတ်ဘူး။ ဒီလိုနဲ့ဟေလာရီကိုအလုပ်မခန့်ဘူးပြောပေမဲ့ သူ့ကိုပြန်လာခေါ်ကာ အောက်ထပ်မှာတွေ့ချင်တဲ့လူတစ်ယောက်ရှိပါသတဲ့။ထိုသူကတော့ ဗစ်တာ ဖြစ်ပြီး သွေးကင်ဆာဖြစ်တာ ၁၀ နှစ်ရှိပါပြီ။နာ့စ်ကလည်းသူ့အတွက်ငှားတာဖြစ်တာမလို့ သူကိုယ်တိုင်ပဲ ဟေလာရီကိုပဲရွေးခဲ့ပါတယ်။ဘာလို့ရွေးလဲသိကြမှာပါ နာ့စ်လည်းမဟုတ်ပါပဲနဲ့။ ဘာလို့လဲဆိုတော့ဟေလာရီကလှတယ်နောက်တစ်ခုက အလုပ်လာလျှောက်တဲ့ထဲအတိုဆုံးစကပ်ကိုဝတ်ထားတာကြောင့်ပါ။ နာ့စ်ကိစ္စတွေသိစရာမလိုဘူး၊ဗစ်တာကိုပြုစုရုံပဲဆိုတော့ တစ်ပတ်ဒေါ်လာ ၄၀၀၊ပိုက်ဆံအလွယ်ရတယ်ဆိုပြီးလက်ခံခဲ့ပေမဲ့ ကီမိုကုထုံးနဲ့ ကုသနေတဲ့ ဗစ်တာဟာ တစ်ခါလုပ်ပြီးတိုင်း Reaction တွေကကြောက်ဖို့ကောင်းလောက်အောင်ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ဟေလာရီဟာ ဗစ်တာကိုသနားသွားခဲ့ပြီး ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မယ် ကြည့်လိုက်ကြပါခင်ဗျာ။