ဘော့စနီးယားနိုင်ငံမှာ စစ်ဖြစ်ပွားပြီးတော့ ပြည်သူတွေလည်း ရက်ရက်စက်စက် အသတ်ဖြတ်ခံလာရတာမို့ ပြည်သူအများစုက အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံကြရပါတယ်။မာဟီးရာကလည်း စစ်ဖြစ်လို့ ထွက်ပြေးလာခဲ့ရသူဖြစ်ပြီး အိမ်နီးချင်း ခရိုအေးရှားနိုင်ငံကိုရောက်လာပါတယ်။စစ်ရှောင်ဒုက္ခသည်တွေများစွာရောက်လာတဲ့အခါမှာ တချိန်ကကမ္ဘာလှည့်ခရီးသွားတွေတည်းခိုတဲ့ ခရိုအေးရှားဟိုတယ်တွေလည်း စစ်ရှောင်တွေနေတဲ့အိမ်ယာတွေဖြစ်ကုန်ပါပြီ။ဒီလိုနဲ့ပဲ ခရိုအေးရှန်းမလေး အူနာ နဲ့ မာဟီးရာ တို့ ဆုံတွေ့မိကြပါတော့တယ်။လှိုင်းတွေလို လှုပ်ခတ်နေတဲ့ အခြေအနေဂယက်တွေကြားမှာ မာဟီးရာ နဲ့ အူနာတို့ ဘယ်လိုရှေ့ဆက်ကြမလဲဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။