တစ်ခေတ်တစ်ခါတုန်းက ခိုးဆိုးလုနှိုက် သတ်ဖြတ်တတ်ကြတဲ့ ဓားပြအဖွဲ့ရှိပါတယ် နှစ်ရှည်လများလုယက်ခဲ့ကြတော့ ရတနာတွေလည်း အတော်စုဆောင်းထားနိုင်ခဲ့ကြတာပေါ့ ဓားပြအလုပ်အပြင် မှောင်ခိုလောကထဲလည်းဒီအဖွဲ့က ဆရာတစ်ဆူပါပဲ သူတို့ခေါင်းဆောင်ကတော့သနားကြင်နာတတ်ပါတယ် မိန်းကလေးတွေဆီကမယူမဖြစ်လို့သာ လုပ်နေရပေမဲ့ အရမ်းသနားတတ်ပြီး စိတ်ထားကောင်းတဲ့လူ တစ်ရက်တော့ သူတို့အချီကြီးမိလို့အောင်ပွဲခံတဲ့အနေနဲ့ ခေါင်းဆောင်ကြီးအိမ်မှာ ထမင်းလိုက်စားကြတယ်ပေါ့ စားပွဲမှာ စကားလက်ဆုံကျဖြစ်တဲ့အကြောင်းကတော့ဒီအလုပ်ကို ရဲတွေအဖမ်းအဆီး ကြမ်းလာပြီး သူတို့လူတွေလည်း ဖမ်းမိတာ ပျောက်ဆုံးတာတွေ များလာတဲ့အကြောင်းဒီအလုပ်ကို စွန့်လွှတ်ကြဖို့အကြောင်း ခေါင်းဆောင်က ပြောလာပါတယ်ဓားပြတိုက်ရုံနဲ့ အမြတ်ကြီးရနေတဲ့အလုပ်ကိုစွန့်လွှတ်ဖို့ကျ တပည့်လုပ်သူက မကျေနပ်ဘူးပေါ့ ဒီလိုနဲ့ တပည့်ရဲ့ သစ္စာဖောက်မှုကြောင့် ခေါင်းဆောင်နဲ့.သူ့တစ်မိသားစုလုံး အဲဒီညမှာတင် အသတ်ခံလိုက်ရပြီး အိမ်ပါ ပြာကျသွားခဲ့ရပါတယ်တစ်ချိန်မှာ ပြန်ပေါ်လာမဲ့ဒီကံတရားအတွက် ခေါင်းဆောင်ကြီးရဲ့ မွေးကင်းစကလေးကိုသားရဲတစ်ကောင်အဖြစ်ပြောင်းလဲဖို့တပည့်ဖြစ်သူက ခေါ်ဆောင်သွားပါတော့တယ် ..ဆိုတော့ နောက်ပိုင်းကိစ္စတွေက ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကိုတော့အလှည့်အပြောင်းများစွာနဲ့ ကြည့်ရှုရမှာပါ ဇာတ်မျောကြီးဖြစ်မနေဘဲအဆုံးထိဆွဲခေါ်သွားနိုင်မဲ့ ဇာတ်ကားဖြစ်တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းရင်း။