ဇာတ်လမ်း ထဲမှာ ကနေဒါ နိုင်ငံသား ရစ်ချက်ဟန်နေးကလန်ဒန်ကိုလာရောက်နေထိုင်တုန်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ကြုံခဲ့ရပါတယ် ။ဗော်ဒါဗယ်လီ ပြပွဲကအပြန်မှာရစ်ချက်ဟန်နေးကအန်နာဘယ်လာစမစ် ဆိုတဲ့ ထူးဆန်းတဲ့ မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တယ်။စမစ်က သူ့သူ့ကိုယ်သူလည်း နိုင်ငံခြားစုံထောက် အေးဂျင့်တွေလိုက်ဖမ်းတဲ့ စပိုင်ထောက်လှမ်းရေးတစ်ယောက်လို့လည်းပြောခဲ့တယ်။အဲ့ညမှာပဲ သူက ဟန်နေးရဲ့ အခန်းမှာ သတ်ခံခဲ့ရတယ်။စမစ်သတ်ခံရမှုအတွက် ဟန်နေးကို လူသတ်တရားခံအဖြစ်သတ်မှတ်လိုက်ကြတယ်။ဟန်နေးက သူစမစ်ကို သတ်တာမဟုတ်ကြောင်းသက်သေဖို့နဲ့ ဗြိတိသျှ လျို့ဝှက်ချက်တွေ မပေါက်ကြားဖို့ရန်အတွက်ဟန်နေးက စကော့တလန်ကို သွားခဲ့တယ်။အဲကိုသွားတဲ့လမ်းမှာ သူက ပက်မလာ ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ။ဟန်နေးအနေနဲ့ ခြေလှမ်း ၃၉ လှမ်း ဆိုတဲ့အဖွဲ့ ရဲ့ ပဟေဠိကဘာလဲဆိုတာဖြေရှင်းဖို့အတွက်တာဝန်ရှိလာပြီး သူအပြစ်မရှိကြောင်းဘယ်လိုပြသနိုင်မလဲဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်ရှင့်။ရစ်ချက် ဟန်နေးအဖြစ် Robert Donatပတ်မလာ အဖြစ်Madeleine Carrollအန်နာဘယ်လာ စမစ် အဖြစ် Lucie Mannheimပရော်ဖက်ဆာ ဂျော်ဒန်အဖြစ် Godfrey Tearle တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။