Everything's Going to Be Great HD

Everything's Going to Be Great

Comedy Drama HD 2025-06-20 7.5 95 Min

ဖျော်ဖြေရေးလောကမှာ စားဝတ်နေရေးအတွက် ပြဇာတ်ကစားပြီးရပ်တည်နေတဲ့ ဘက်ဒီနဲ့မေစီစမတ်တို့ဟာ ဒဲရစ်နဲ့လက်စတာဆိုတဲ့သားနှစ်ယောက်နဲ့အတူနေထိုင်ကြပါတယ်ဒေသခံပြဇာတ်ရုံအသေးလေးမှာပဲပြဇာတ်ကရင်း အိမ်ရဲ့စီးပွားရေးက ပြေလည်တစ်လှည့် ကြပ်တည်းတစ်လှည့်ပေါ့။သားနှစ်ယောက်ကလည်း ဝါသနာမတူဘဲမကြာခဏအချင်းများလေ့ရှိကြတယ်။ သားအငယ်လက်စတာကတော့ အဖေတူသားပီပီ ပြဇာတ်တွေမှာပါဝင်သရုပ်ဆောင်ရတာကိုခုံမင်ပေမဲ့ အကြီးဖြစ်သူဒဲရစ်ကတော့ဘောလုံးအားကစားကိုဝါသနာပါပေမဲ့ လိုအပ်တဲ့အခါဖျော်ဖြေမှုမှာပါဝင်ရပါတယ်။တစ်ရက်မှာ နယူးဂျာစီမှာရှိတဲ့ပြဇာတ်အကြီးမှာဖျော်ဖြေဖို့အခွင့်အရေးရလာပြီး ထိုဖျော်ဖြေမှုအောင်မြင်ခဲ့ပါကဘဝပြောင်းနိုင်မယ့်အခွင့်အရေးကြီးမလို့ ရည်မှန်းချက်ကြီးမားတဲ့ဘက်ဒီတစ်ယောက် အားလုံးကိုပုံအောလောင်းကြေးထပ်ပြီး နယူးဂျာစီမြို့ကိုပြောင်းလာပါတယ်အောင်မြင်ရင်ရရှိမယ့်ဆုလဒ်ကကြီးမားသလို ဆုံးရှုံးခဲ့ရင်လည်းဘာမှမကျန်တော့တဲ့အထိဖြစ်မှာမလို့……..သူတို့အောင်မြင်သွားကြပါ့မလား။မမျှော်လင့်ထားတဲ့အခက်အခဲတွေအခြေအနေတွေကြုံတွေ့ရပါတော့တယ်။