ဒီဇာတ်လမ်းက ကွာခြားတဲ့ အကျင့်စရိုက်တွေရှိတဲ့ ညီအစ်မနှစ်ယောက် Karen နဲ့ Jule တို့ရဲ့ မိသားစုဆက်ဆံရေး ပြဿနာတွေ၊ သားသမီးတွေအပေါ် မိဘတွေရဲ့စိတ်ဒဏ်ရာလွှမ်းမိုးပေးနိုင်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဒရမ်မာတစ်ကားဖြစ်ပါတယ်။စိတ်ဒဏ်ရာရစေတဲ့ မိသားစုရဲ့အတိတ်တွေကိုမျှဝေပြီး ကြီးပြင်းလာတဲ့ Karen နဲ့ Juleက စရိုက်ကွာခြားပြီး Karen က သူ့ရဲ့ဆုံးသွားတဲ့ အမေလို ထိန်းချုပ်တတ်တဲ့သူ သူကိုယ်တိုင်ဖြစ်လာခဲ့တယ်။Karen ရဲ့ ထိန်းချုပ်မှုလက်အောက်မှာနေထိုင်ရတဲ့ သူ့ရဲ့သားသမီးတွေကသူတို့အမေကို နာနာကျည်းကျည်း မုန်းနေပြီးတော့ သူတို့ရဲ့မိသားစုအိမ်လေးက ပျော်ရွှင်မှုတစ်စက်မှမရှိခဲ့ပါဘူး။ဒါပေမဲ့ Karen ရဲ့ အမျိုးသား Markus ရဲ့ မွေးနေ့ပွဲပါတီအတွက် Jule ရဲ့မိသားစုထိုအိမ်လေးကို ခဏတာပြောင်းရွှေ့လာချိန်မှာတော့ ခြောက်ကပ်နေတဲ့အိမ်လေးကို ဘယ်လိုပျော်ရွှင်မှုတွေ ပြန်ယူဆောင်လာပေးမလဲ၊ သူတို့ရဲ့အတိတ်က ဖြစ်ရပ်တွေက ဘာတွေလဲဆိုတာကိုဆက်လက်ကြည့်ရှုလို့ရပါပြီ။