Cape Fear HD

Cape Fear

Drama Thriller HD 1962-04-12 7.449 105 Min

ခင်ဗျားတို့ လူတစ်ယောက်ကို ဘယ်လောက်ထိမုန်းတီးဖူးလဲ။ လုပ်လိုက်မယ်ကွ ဘာဖြစ်တယ် ညာဖြစ်တယ်အဲလိုစိတ်မျိုး ခဏတော့ဖြစ်ဖူးပေမဲ့ နှစ်ရှည်လများကိုယ့်အလုပ်နဲ့ကိုယ်လုံးလည်ချာလည်လိုက်လာတော့သူများကိုမုန်းတီးဖို့ထက် ကိုယ့်ကိုယ်ကိုချစ်ဖို့က အရေးကြီးတယ်ဆိုတာ သိလာတဲ့လူကပိုများပါတယ်။ဒါပေမဲ့ ထောင်ထဲမှာ၈ နှစ်လုံးအချိန်ဖြုန်းခဲ့ရပြီး လုပ်စရာဆိုလို့ လူတစ်ယောက်ကို မုန်းတာပဲရှိတဲ့ မက်စ်ကေဒီဆိုတဲ့လူတော့မပါခဲ့ပါဘူး။ သူမုန်းနေတာကတော့ ရှေ့နေ ဆမ်ဘိုဒန်ကိုပါ။ သူကတစ်ယောက်တည်းတင်မုန်းတာမဟုတ်တစ်မိသားစုလုံးကို အဆုံးအစွန်ထိ လုပ်ချင်လောက်အောင် အငြိုးကြီးတဲ့လူမျိုးပါ။ကမ္ဘာမှာ အဆိုးဆုံးအမှုတွေနဲ့ထောင်ကျတဲ့လူတစ်ယောက်ကိုသွားမေးရင်တောင်သူ့မှာ အကြောင်းပြချက်တွေရှိပါတယ်။ ဒီလိုပါပဲ လူတိုင်းကတော့ ကိုယ်မမှားပါဘူး။ မက်စ်မှာလည်းသူ့အကြောင်းအရင်းတွေရှိပါတယ်။သူ့အကြောင်းအရင်းက တခြားလူ ပေတံနဲ့တိုင်းလို့ မှားနေရင်တောင်သူ့တာနဲ့သူက မှန်ပါတယ်။ မက်စ်က ယုတ်မာသလောက် ဉာဏ်ကလည်း အတော်များပါတယ်။ဉာဏ်များတဲ့လူများယုတ်မာလေတော့ ဆိုတဲ့အတိုင်း လက်တလုံးခြားနဲ့ ဆမ်တို့ မိသားစုကို တိုက်ခိုက်ပါတော့တယ်။ဒီလိုနဲ့ ယုတ်မာနဲ့ မက်စ်လက်ကနေ ဆမ်တို့ မိသားစုလွှတ်လေမလား။ ဒါမှဟုတ်၈ နှစ်စာရန်ငြိုးမီးဟုန်းဟုန်းတောက်နေတဲ့ မက်စ်ကပဲ အနိုင်ရသွားမလားဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ပုံမှန်ဆို မင်းသား Gregory Peck ကြောင့် ဇာတ်ကားကကြွတာများပေမဲ့ဒီရုပ်ရှင်မှာတော့ မက်စ်ကေဒီနေရာမှာသရုပ်ဆောင်တဲ့ မင်းသား Robert Mitchum ကြောင့် ဇာတ်က အတော်လေးကိုကြွပါတယ်။ခံစားသာကြည့်လိုက်ကြပါတော့ဗျာ။