Mafia , Among us တို့လို mind game တွေကို ဆော့ဖူးကြလား?ဒီဇာတ်ကားလေးက မာဖီးယားဂိမ်းလို ခပ်ဆင်ဆင် Werewolf Game ဆိုတဲ့ ကစားပွဲကို လူ့အသက်နဲ့ရင်းပြီး ဆော့ကစားရတဲ့လူ၁၂ယောက်ရဲ့ဘဝပုံစံကို ဖန်တီးပုံဖော်ထားတာဖြစ်ပါတယ်။လူ၁၂ယောက်ကို ပြန်ပေးဆွဲပြီး အခန်းတစ်ခုထဲမှာ ထားစေကာ Werewolf Game ကို ဆော့ကစားစေခဲ့တယ်။ အနိုင်ရရှိသူက လတိုင်း ဒေါ်လာသန်းပေါင်းများစွာ ရရှိမှာဖြစ်သလိုရှုံးနိမ့်သူတွေက အသတ်ခံရမှာဖြစ်ပါတယ်။၁၂ယောက်ထဲမှာ ဝံပုလွေ ၃ ကောင်ပါဝင်ပြီး ညတိုင်း ဝံပုလွေတွေက ကျန်သူတွေထဲကတစ်ယောက်ကို အမဲလိုက်သတ်ဖြတ်ရပါတယ်ဘယ်သူတွေက ဝံပုလွေတွေဖြစ်မလဲဆိုတာကို မသိရဘဲ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ၊ ယုံကြည်မှုတွေ၊ အပြစ်မဲ့တဲ့သူတွေရဲ့ညှင်းပန်းသတ်ဖြတ်ခံရမှုတွေ၊ လူတွေရဲ့ကြောက်စိတ်၊အတ္တ၊ လောဘ စတာတွေကို ပေါ်လွင်အောင် ဖန်တီးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ horror နဲ့ thriller genre ထဲက psychological suspenseကိုအဓိကထားတဲ့ကားဖြစ်တာကြောင့် Horror ဇာတ်ကားကြိုက်နှစ်သက်သူများအတွက် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။