လူသူမရှိဘဲ မြို့နဲ့လည်းဝေးတဲ့ သီးခြားဖြစ်နေတဲ့နေရာမှာ “ဂျိုလီမန်းကီး”ဆိုတဲ့မိုတယ်တစ်ခုရှိပါတယ်။သူတိို့မိုတယ်အနှံ့မှာ ဂျိုလီမန်းကီးမျောက်ရုပ်တွေနဲ့အလှဆင်ထားပါတယ်။ဒါ့အပြင် အဲ့မိုတယ်အနီးမှာ ခရီးထွက်လာကြတဲ့မိသားစုဝင်တွေတော်တော်များများ ပျောက်ချင်းမလှပျောက်ဆုံးသွားကြတယ်။ဒီလိုနဲ့ နှစ်40အကြာမှာဂျန်နီနဲ့မာရှယ်ဆိုတဲ့မောင်နှမနှစ်ယောက်ဟာ သူတို့မိဘတွေရော သူတို့အဒေါ်တို့မိသားစုရောနဲ့ပါ အဘိုးအဘွားတွေပိုင်ဆိုင်ခဲ့တဲ့အဆိုပါမိုတယ်ကြီးမှာမိသားစုတွေဆုံတွေ့ဖို့အတွက်ထွက်လာခဲ့ကြပါတယ်။မိုတယ်ကိုရောက်တဲ့အခါ ဒီမိုတယ်ကြီးကိုရောင်းဖို့ မရောင်းဖို့ ညှိနှိုင်းကြရင်းကတောက်ကဆတွေဖြစ်ကြပါတယ်ဂျန်နီတစ်ယောက် ပျောက်ဆုံးသွားတဲ့မိသားစုတွေအကြောင်း ဖော်ပြထားတဲ့သတင်းစာတွေကိုမြင်ပြီး သံသယတွေဝင်လာပါတယ်။ဒါ့အပြင် အဲ့မိုတယ်မှာလူတွေတစ်ယောက်ပြီးတစ်ယောက်အသတ်ခံရတဲ့အခါမှာတော့..