ကိုယ်ယုံကြည်ထားတဲ့ ခြိမ်းခြောက်မှုက တကယ်ရှိနေတာလား ကိုယ့်စိတ်ကပဲလှည့်စားနေတာလား?ဇာတ်လမ်းအကျဉ်းပြောရရင် – တက်ဒ်က အရက်သောက်ပြီး ကားမောင်းမှုကြောင့်ယာဉ်တိုက်မှုဖြစ်ပြီး ထောင်ငါးနှစ်ကျရာကနေလွတ်လာသူပါ။မလွတ်ခင် နစ်နာသူမိသားစုရဲ့ယောက်ျားဖြစ်သူမက်ဂရက်က တက်ဒ်ကို မိသားစုတွေနဲ့ပြန်နေရင် မိသားစုတွေကို သတ်ပစ်မယ်လို့ခြိမ်းခြောက်လို့ အဝေးမှာ ပုန်းရှောင်ထွက်ပြေးနေရပါတယ်တစ်ရက်မှာ ရဲစခန်းရောက်သွားပြီး ထိန်းသိမ်းခံလိုက်ရတော့ နောက်တစ်ရက် မိန်းမဖြစ်သူဆာရာက ရောက်လာပါတယ်။ဆာရာကတော့ မက်ဂရက်ကသေသွားပြီလို့ယုံကြည်နေပြီးတက်ဒ်ကိုပြန်လိုက်ခဲ့ဖို့ နားချပေမဲ့ တက်ဒ်ကတော့ သူတကယ်ခြိမ်းခြောက်ခံရလို့ ယုံကြည်နေပါတယ်။ခြိမ်းခြောက်မှုကတကယ်ရှိနေတာလား ? ဆာရာပြောသလို တက်ဒ်ကအပြစ်ရှိစိတ်လွန်ပြီး ဘာမှမဟုတ်တဲ့ကိစ္စနဲ့ မိသားစုကိုချန်ခဲ့မိတာလားဆိုတာ အားလုံးပဲကြည့်ရှုလိုက်ကြပါဦး။