Biography of the Mutants HD

Biography of the Mutants

Unknown HD 2017-03-17 8.3 0 Min

စူပါပါဝါတွေကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် Biography of the Mutantsရုပ်ရှင်တွဲ(၆)ကားထဲက ပထမဆုံးကားဖြစ်တဲ့ The Heart of Pangu ကိုတင်ဆက်ပေးလိုက်ပါတယ်။လျန်ရှဆိုတဲ့အစွမ်းရှင်အဖွဲ့အစည်းတစ်ခုဟာအစွမ်းရှင်နိုင်ငံတစ်ခုကိုတည်ထောင်ဖို့ကြံစည်နေကြပါတယ်။လျန်ရှခေါင်းဆောင်ကျားလုံလော်လောကကြီးကိုအုပ်စိုးနိုင်လောက်တဲ့အစွမ်းရဖို့အတွက် ဒဏ္ဍာရီထဲကဖန်ဂူနှလုံးကိုရှာဖွေနေပါတယ်။ထျန်းကျူးယန့်၊ လျဲ့ နဲ့ ယန်လျိုရှားတို့ဟာအစွမ်းရှင်ကြေးစားမုဆိုးတွေဖြစ်ကြတယ်။တစ်ခါမှာတော့ အလုပ်တာဝန်ထမ်းဆောင်ရင်း မထင်မှတ်ပဲကျန်းလျိုအာဆိုတဲ့ ကိုရင်လေးတစ်ပါးကိုကောက်ရခဲ့ပါတယ်။သူတို့(၃)ယောက်ဟာ ကိုရင်လေးကို သူတို့ရဲ့အလုပ်ရှင်ဟုန်ရှောင်းစံအိမ်သခင်ဆီပြန်ခေါ်လာခဲ့ရာ မထင်ထားတာက ဒီကိုရင်လေးကိုယ်ထဲမှာ ဖန်ဂူနှလုံးရှိနေတယ်ဆိုတာပါပဲ။စံအိမ်သခင်က သူတို့(၃)ယောက်ကို မက်လောက်တဲ့ဆုကြေးတွေနဲ့ကိုရင်လေးကိုယ်ထဲကဖန်ဂူနှလုံးကိုထုတ်ဖို့ ရှာဖွေတဲ့ခရီးကိုစလိုက်ကြပါတယ်။ဖန်ဂူနှလုံးဟာအစွမ်းအရမ်းကြီးတဲ့အတွက် မထိန်းချုပ်နိုင်ရင်ကိုရင်လေးသေသွားနိုင်ပြီးတော့ ကိုရင်လေးသေသွားရင်လဲဖန်ဂူနှလုံးဆိုတဲ့စွမ်းအားရတနာကြီးကပျောက်ဆုံးသွားမှာဖြစ်တဲ့အတွက်ဒီခက်ခဲတဲ့တာဝန်ကိုသူတို့ဟာဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်.