နှစ်ပေါင်း ၃၀ အကြာမှ ထွက်လာတဲ့ ဒီဇာတ်ကားမှာ Happy ဟာ ဟော်ကီအားကစားသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပေမယ့် သူ့အဖွားရဲ့အိမ်ကို ကယ်တင်ဖို့ဂေါ့ဖ်အားကစားထဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ ထူးခြားတဲ့ ရိုက်ချက်တွေနဲ့ Tour Championship မှာ အနိုင်ရခဲ့ပါတယ်။အနိုင်ရပြီးနောက် Happy ဟာ အနားယူထားတဲ့ ဂေါ့ဖ်ကစားသမားဘဝကနေပြန်လည်ပြန်လာရတဲ့ အကြောင်းအမျိုးမျိုးရှိလာခဲ့ပါတယ်။သူရဲ့ချစ်သူ Virginia Venit နဲ့သမီးတစ်ယောက်ရလာခဲ့ပြီး မိသားစုအတွက်ရပ်တည်ဖို့ ဂေါက်သီးအားကစားထဲ ပြန်လည်ဝင်ရောက်ဖို့အကြောင်းဖန်လာပါတော့တယ်။သာမန်ဂေါ့ဖ်တမျိုးတည်းမဟုတ်ဘဲ အသစ်အဆန်းဂေါ့ဖ်ရိုက်ကစားနည်းတွေကို ပထမဇာတ်ကားထဲကလို Happy ရဲ့ ထူးခြားတဲ့ ဂေါ့ဖ်ရိုက်နည်းတွေဒေါသထွက်လွယ်တဲ့ စရိုက်နဲ့ ပရိသတ်တွေကို ဘယ်လိုနည်းလမ်းတွေဆွဲဆောင်ဦးမလဲဆိုတာ ကြည့်ရှုချင်စရာကောင်းနေပါတယ်။သူရဲ့ပြိုင်ဘက်ကြီး Shooter McGavin နဲ့ ဘယ်ဘူတာမှာထပ်တွေ့ပြီး ဘယ်လိုဟာသတွေ ဖန်တီးသွားပြမလဲဆိုတာတော့ အချိန်ရတာနဲ့ကြည့်ရှုလိုက်ကြပါဦး