Condition of Return HD

Condition of Return

Thriller HD 2023-07-23 5.625 93 Min

ဇာတ်လမ်းအကျဉ်းကတော့ ဝတ်ပြုသူတွေအများဆုံးတက်ရောက်ကြတဲ့အီစတာနေ့ တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတစ်ခုဆီကိုဆူလဗန်ဆိုတဲ့အမျိုးသမီးဟာရောက်လာတယ်။ပါးစပ်ကနေခွင့်လွှတ်ပေးဖို့အကြောင်းဘုရားသခင်ထံအထပ်ထပ်အခါခါရွတ်ဆိုတိုင်တည်ပြီးနောက်မှာ အထုတ်တစ်ထုတ်ကို ဆွဲယူပြီး ကျောင်းဝန်းထဲကိုရောက်လာတယ်။ဘုန်းတော်ကြီးထံမှ ဩဝါဒခံယူနေကြတဲ့ဆုတောင်းသူကြားထဲရောက်တော့ အထုတ်ထဲက သေနတ်ကိုထုတ်ပစ်လိုက်ပါတော့တယ်။လူအတော်များများသေဆုံးသွားကြသလိုထိခိုက်ဒဏ်ရာရသူတွေလည်းအများကြီးရှိပါတယ်။ပစ်ခတ်ပြီးနောက်မှာဆူလဗန်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားလိုက်ပါတယ်။လက်ထောက်ဒါရိုက်တာစတန့်ဖို့ဒ်က ဒေါက်တာသောမတ်စ်ကိုခေါ်လိုက်ပြီး ဆူလဗန်ကိုအင်တာဗျူးခိုင်းပါတယ်။ဒါ့အပြင် ဆူလဗန်ဟာ စိတ်ရောဂါရနေတာမဟုတ်ဘဲတရားရင်ဆိုင်လို့ရကြောင်း အစီရင်ခံစာပဲအတင်းရေးဖို့ပြောနေပြီး ဒေါက်တာကိုအင်တာဗျူးစခိုင်းပါတော့တယ်။ဘာသာတရားကိုနက်နက်ရှိုင်းရှိုင်းယုံကြည်သူတစ်ယောက်ကဒီလိုဖြစ်သွားတာကိုမယုံကြည်နိုင်ဖြစ်နေတဲ့အတွက် ဆူလဗန်လည်းသူ့အကြောင်းကိုစတင်ပြောပြပါတော့တယ်။