အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော ဟာသဒရာမာရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။မာနို့ဂျ်နဲ့ ဗီမာလာတို့ဟာ မိဘပေးစားလို့ လက်ထပ်ခဲ့ရတဲ့လင်မယားတွေဖြစ်ကြပါတယ်။နှစ်ယောက်လုံးက ရိုးသားအေးဆေးတာကြောင့် တည်ငြိမ်တဲ့ဘဝလေးမှာ နေကြရပေမဲ့စိတ်ကျရောဂါသည်ဖြစ်တဲ့ဗီမာလာဟာ အိမ်ထောင်သက်သုံးနှစ်ထိ ကလေးမရတာကြောင့် ယောက္ခမတွေအမြင်မကြည်တာကို ခံနေရပါတယ်။အိမ်ထောင်သက်သုံးနှစ်ကြာပြီးတဲ့နောက်မှာတော့ရှားရှားပါးပါး သားလေးတစ်ယောက်ရခဲ့ပေမဲ့ကလေးတစ်နှစ်ခွဲလောက်ရောက်တဲ့ထိ ကလေးက သူတို့နဲ့တစ်စက်မှမတူတဲ့အတွက်သူတို့ကလေးမှဟုတ်ရဲ့လားလို့ ဗီမာလာတစ်ယောက် သံသယဝင်လာတဲ့အခါမှာတော့…။ကလေးက တကယ်ပဲသူတို့ကလေးမဟုတ်ဘူးလား၊ စိတ်ကျရောဂါကြောင့် ဗီမာလာထင်ချင်ရာတွေထင်နေတာလား၊ကလေးက ဘာလို့သူတို့နဲ့မတူတာလဲဆိုတာကို ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ဒီဟာသဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာပဲဖြစ်ပါတယ်…။