မိုရီ အာကီယိုဆိုတဲ့ကောင်လေးဟာ ထရပ်ကားနဲ့ တိုက်မိမလိုဖြစ်ပြီး နောက်ပိုင်းမှာထူးထူးဆန်းဆန်း အိမ်မက်တစ်ခု ညတိုင်းမက်ပါတော့တယ်။အဲဒါကတော့ အိပ်မက်ထဲမှာ အရမ်းလှတဲ့ကောင်မလေးက အိမ်မက်ထဲမှာ သူ့နာမည်ကို ခေါ်နေတာပါပဲ..တစ်နေ့ ကျောင်းကအပြန်အဲဒီကောင်မလေးကို အမှတ်မထင်တွေ့လိုက်ရလို့ သူ့နောက်ကိုပြေးလိုက်သွားခဲ့ပေမဲ့လည်း ကောင်မလေးက ရုတ်တရက် ပျောက်သွားပါတော့တယ်…အဲဒါနဲ့ပဲ သူလည်း ဒီအတိုင်းအိမ်ကိုပြန်လာတဲ့ အခါမှာတော့ အိမ်မှာ သူ့ရဲ့နာရေးဓာတ်ပုံကိုတွေ့လိုက်ရပြီး သူက သေသွားပြီဆိုတာကိုသိလိုက်ရတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲအာကီယိုကတကယ်ပဲသေသွားတာလား… တွေ့ခဲ့တဲ့ကောင်မလေးကရော ဘယ်သူလဲ…ဆိုတာကို plot ဆန်းဆန်းလေးနဲ့ ကြည့်ရှုရမဲ့ ကျောင်းသားကားလေးပဲ ဖြစ်ပါတယ်။