Biography of Mutants အတွဲ ၄ ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီတစ်ခေါက်မှာတော့ သဘာဝလွန် စွမ်းအားရသွားတဲ့ ကိုရင်လေးကို မုဆိုး ၃ ဖော်ကဘယ်လို ဆက်ကာကွယ်သွားမယ်ဆိုတာနဲ့ ကြာပန်းဂိုဏ်းကရောသခင်ဆိုသူကရော ပေါ်ထွက်လာမှာလားဆိုတာ မြင်တွေ့ရမှာပါ…မုဆိုး ၃ ဖော်ကတော့ ထုံးစံအတိုင်း ကိုရင်လေးကိုကယ်တင်ဖို့ ကူညီဖို့ ကြိုးစားခဲ့တာပေမယ့်…အဆောင်သခင်မကိုတော့ စန်းဟော် စပြီး သံသယဝင်လာပါတယ်…သူလည်း အစွမ်းရှင်ဖြစ်နိုင်တယ်လို့ပေါ့…တစ်ဖက်မှာလည်း ကိုရင်လေးကို ဖမ်းဆီးဖို့ ပိုင်ဂူကျီးတစ်ယောက်ကြိုးစားရာကနေ…စိတ်ကတစ်ဆင့် သူ့စိတ်ထဲက လျို့ဝှက်ချက်တွေကို ထုတ်ဖော်နိုင်စွမ်းရှိတဲ့ခွေရှင်းကျေးဇူးနဲ့ ပိုင်ဂူကျီးစိတ်ထဲက ဘာကြောင့်သာမန်လူသားတွေကို မုန်းတီးနေတယ်ဆိုတာ သိခဲ့ရပြီး…ကြာပန်းဂိုဏ်းအရှင်ကိုပါ သိဖို့ကြိုးစားရာကနေတော့…ကဲကဲ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ဇာတ်ကားလေးသာ ကြည့်လိုက်ကြပါတော့