Hit-and-Run Squad HD

Hit-and-Run Squad

Action Crime HD 2019-01-30 7.122 133 Min

Gong Hyo Jin, Jo Jung Seok, Ryu Jun Yeol, Seon Suk Ku, Yeom Jung Ah,Jeon Hye Jin.. စတဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ကားတိုက်​​ပြေးအမှုကို ​ဖော်ထုတ်တဲ့ Hit-and-Run Squad စုံထောက်ဇာတ်လမ်းတစ်ခုနဲ့ မိတ်ဆက်​ပေးပါရစေ။ရဲအတွင်းစစ်ဌာနတစ်ခုရဲ့ ဒုအဖွဲ့မှူးတစ်ဖြစ်လဲ ရဲဌာနတွင်း အကျင့်ပျက်ရဲ​တွေကို​ဖော်ထုတ်ဖို့ ကြိုးပန်းနေတဲ့ စုံစမ်းရေးမှုး အွန်းရှီယွန်း…အရင်က​ မူးယစ်​ဆေး​​ကြောင့် ထောင်ကျဖူးပေမဲ့ လက်ရှိမှာတော့ ကားတိုက်​​ပြေးမှုဌာနကစုံစမ်း​ရေးအဖွဲ့ဝင်တစ်ယောက်အဖြစ် အမှုတွေကို စွမ်းစွမ်းတမံလိုက်နေတဲ့ ဒုဗိုလ် ဆောမင်ဂျယ်…ရာထူးမြင့်အာဏာပိုင်တွေကို လာဘ်ထိုးပြီး ထင်တိုင်းကြဲ‌နေတဲ့ JC Motors ကုမ္ပဏီရဲ့ ဥက္ကဌ ​ဂျောင်ဂျယ်​ချော…လာဘ်စားတဲ့ ရဲချုပ်ကို စုံစမ်း​နေတဲ့ အွန်းရှီယွန်းနဲ့ တိုက်​ပြေးမှုကို စုံစမ်း​နေတဲ့ ​ဆောမင်ဂျယ်တို့အမှုနှစ်ခုရဲ့ ဆုံမှတ်ဟာ JC Motors ရဲ့ ​ဂျောင်ဂျယ်​ချောဖြစ်​နေတဲ့အခါ….​ဂျောင်ဂျယ်​ချောက လာဘ်ယူထားတဲ့ ရဲချုပ်ကို ထိုး​ကျွေးပြီး အမှုက​နေလွတ်ဖို့ ဘယ်သူ့ဆီ ထပ်ပြီးချဥ်းကပ်မလဲ…ဘယ်အရာရှိက သစ္စာ​ဖောက်သွားမလဲဆိုတာ ရင်ခုန်စွာနဲ့ ကြည့်ရှုလိုက်ရ​အောင်ပါ။