အိုလီဗီယာဟာ မွေးရာပါနှလုံးရောဂါသည်သမီးငယ်နဲ့အတူဘ၀ကိုရုန်းကန်နေရတဲ့ ဆင်ဂယ်မိခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့တော့ သမီးဖြစ်သူရဲ့ဆေးဖိုးအတွက်ရရာအလုပ်ဝင်လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကောလ်စင်တာတစ်ခုမှာအလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတယ်။သူတို့ရုံးတည်ရှိရာ အဆောက်အအုံဟာ ဟိုတစ်ချိန်က ဆေးရုံတစ်ခုဖြစ်ခဲ့ပြီးအခုချိန်မှာတော့ ရုံးခန်းတွေဖွင့်ဖို့ပြန်လည်မွမ်းမံနေပေမယ့် လက်ရှိအချိန်မှာတော အဆောက်အအုံတစ်ခုလုံး သူတို့ရုံးခန်းတစ်ခန်းပဲရှိပါသေးတယ်။ရောက်ရောက်ချင်းနေ့မှာပဲဓာတ်လှေကားအထပ်မှားရပ်မိရာကနေ လူသူမရှိတဲ့ ပြင်ဆင်ဆဲအလွှာမှာ အရိပ်တစ်ခုတွေ့မိသလို သူကိုင်တွယ်ဖြေရှင်းရတဲ့ဖုန်းခေါ်ဆိုမှုတွေမှာလည်းကြားဖြတ်အနှောင့်အယှက်အသံသဲ့သဲ့တွေကြားမိပေမယ့် ဂရုမစိုက်မိတဲ့သူဟာ မီးပျက်တဲ့တစ်နေ့မှာတော့ ရုံးကအပြန်လမ်းပျောက်နေတဲ့ကလေးမလေးတစ်ယောက်ကိုကူညီပြီး အဆောက်အအုံအပြင်ကိုခေါ်ထုတ်ပေးခဲ့မိရာကနေ ထိတ်လန့်ချောက်ချားစရာ နောက်ဆက်တွဲတွေဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။စတိုင်တစ်မျိုးနဲ့ဖိလစ်ပိုင်ဟော်ရာကားပါ။ ဇာတ်လမ်းဇာတ်အိမ်ကောင်းသလို လှည့်ကွက်လည်းကောင်းတဲ့ သဲထိတ်ရင်ဖိုခံစားရမယ့် ကားကောင်းတစ်ကားပါပဲ။