တစ်ခေတ်တစ်ခါက ဝံပုလွေလူသားအဖြစ် အရမ်းနာမည်ကြီးခဲ့ပြီး ဆုပေါင်းများစွာရရှိခဲ့တဲ့ ..Song Joong-Ki, Park Bo-Young နဲ့ Yoo Yeon-Seok တို့ရဲ့ Fantasy, Romaဇာတ်ကားကောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးကတော့ ..ကျန်းမာရေးမကောင်းတဲ့ ဆယ်ကျော်သက်မိန်းကလေး ဆွန်းနီ(Park Bo-young)ဟာကျေးလက်ကို ပြောင်းလာရာကနေ သူမတို့ အိမ်အသစ်ဘေးက တဲကုပ်ထဲမှာ ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ဒီကောင်လေး (Song Joong-ki)ဟာ လူသားပုံစံရှိပေမဲ့ တိရစ္ဆာန်လို အမူအရာတွေ လုပ်ပြီးစကားလည်း မပြောနိုင်ပါဘူး။ဆွန်းနီတို့မိသားစုဟာဒီကောင်လေးကို ချောဆူလို့ နာမည်ပေးခဲ့ပြီး လူသားဆန်အောင် စာဖတ်ဖို့၊စကားပြောဖို့ သင်ကြားပေးခဲ့ပါတယ်။ချောဆူဟာ ဆွန်းနီရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုအောက်မှာ တဖြည်းဖြည်း လူသားဆန်လာပြီးသူမအပေါ် သံယောဇဉ်တွေ တွယ်လာတဲ့နောက်မှာတော့ သူတို့နှစ်ယောက်ကြားမှာ ထူးခြားတဲ့အချစ်တစ်ခု စတင်ခံစားလာရပါတော့တယ်။တစ်နေ့မှာတော့ ချောဆူရဲ့ တောရိုင်းဆန်တဲ့ အစွမ်းတွေနဲ့ ဝံပုလွေသွေးပါနေတာကို .. ရွာရဲ့ဩဇာရှိသူတစ်ယောက်ရဲ့ သားဖြစ်တဲ့ ဂျီထယ်(Yoo Yeon-seok)က သိသွားခဲ့ပြီး ချောဆူကိုလူဆိုးတစ်ယောက်လို ပုံဖော်ဖို့နဲ့ ဆွန်းနီတို့မိသားစုဆီကနေ မောင်းထုတ်ဖို့ နည်းလမ်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ ချောဆူရဲ့လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာခဲ့ပြီး သူ့ရဲ့ကံကြမ္မာဟာ ဂျီထယ်ရဲ့ မကောင်းတဲ့ကြံစည်မှုတွေနဲ့အတူ ဝမ်းနည်းစရာ အလှည့်အပြောင်းတွေကို ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ …