ဒီ ဇာတ်လမ်းရဲ့ အဓိက…ဇာတ်လမ်းက တရုတ်ပြည်ကို အနောက်တိုင်းသားတွေကဘိန်းနဲ့ ဖျက်စီးစပြုတဲ့အချိန်ကိုအသားပေးရိုက်ထားတာ အနောက်တိုင်းသားက ဘာလို့ဒီလိုခြယ်လှယ်လို့ရလဲဆိုတော့ အကျင့်ပျက်ခြစားတဲ့စိတ်ဓာတ်ပိုင်တဲ့သူတွေက မင်းအမှုထမ်းလုပ်နေလို့ပေါ့…ဒါပေမယ့် တကယ်ဆို ကိုယ်ခံပညာ ကွန်ဖူးသိုင်းအစွမ်းထက်တဲ့ပညာရှင်တွေစုဝေးနေပြီး ဒါကိုသိသိကြီးနဲ့ ပြန်ချဖို့ မကြိုးစားကြဘူး…အကြောင်းကတော့ ကိုယ်ခံပညာနဲ့ သေနတ်ကို မယှဉ်နိုင်ဘူးထင်လို့ပေါ့…ဇာတ်လိုက်မင်းသား လုယွမ်ပါးကတော့ မဟုတ်ဘူး ကိုယ်ခံပညာနဲ့ သေနတ် လက်နက်ကိုမယှဉ်နိုင်စရာအကြောင်းမရှိဘူး… ကြိုးစားကြည့်ရမယ်ဆိုတဲ့ စိတ်ကိုအရင်းခံတိုက်လိုက်တော့… သူလည်း မအောင်မြင်သေးပါဘူး…အကြိမ်ကြိမ်လဲကျပြီးမှ ထနိုင်တာကတော့ ဇာတ်လမ်းတိုင်းရဲ့ မြှုပ်ကွက်ပါပဲ…ဆက်လက်ခံစားကြည့်ရှုပါ