အားလုံးပဲမင်္ဂလာပါ ၂၀၂၂ တုန်းက နာမည်ကြီးခဲ့ ထိုင်ဝမ်ဇာတ်ကား marry my dead body ကို သင်္ဘောသီးထောင်းမြေ remake version နဲ့အတူBKPP ကပရိတ်သတ်ကြီးတို့အရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။ပြီးတော့ ဒီဇာတ်ကားက BKPP ရဲ့ နှစ်ယောက်တွဲ ပထမဆုံး movie လည်းဖြစ်ပါတယ်။မန်ဆိုတဲ့ ရဲသတင်းပေးလုပ်နေတဲ့လူငယ်လေးက တစ်နေ့မှာသာအိတ်အနီတစ်ခုကိုမတော်တဆကောက်ရခဲ့ပါတယ်။အဲဒါကြောင့် သဘာဝလွန်စာချုပ်တစ်ခုမှာချည်နှောင်မိပြီိး ဝိညာဉ်တစ်ယောက်နဲ့လက်ထပ်ဖို့ဖိအားပေးခံရပါတော့တယ်။ပြီးတော့ သူလက်ထပ်ရမဲ့တီတီဆိုတဲ့သူက ယောကျာ်းလေးတစ်ယောက်ဖြစ်နေတဲ့အပြင် ချစ်စရာကောင်းတဲ့ gay တစ်ယောက်ပါဖြစ်နေတာပါ။မန်က တီတီကိုလူပြန်ဝင်စားပြီး သူ့ဘဝထဲကထွက်သွားအောင်လုပ်ဖို့အတွက် တီတီရဲ့သေဆုံးမှုနောက်ကွယ်ကအကြောင်းရင်းကိုစုံစမ်းဖို့ကူညီပါတော့တယ်ရလာတဲ့သဲလွန်စတွေအားလုံးက မန်နဲ့သူသဘောကျနေတဲ့ဘွိုင်ဆိုတဲ့ရဲမေတို့စုံစမ်းနေတဲ့မူးယစ်ဆေးအမှုနဲ့ဆက်စပ်နေတဲ့အခါ စုံစမ်းဖို့ဖြစ်လာရပါတယ်။ဒီအမှုကိုဖြေရှင်းတာက သူ့ရဲ့အလုပ်ကိုရောအချစ်ရေးကိုပါအကျိုးရှိစေမှာ သိပြီးတဲ့နောက် မန်တစ်ယောက်တီတီကိုကူညီပါတော့တယ်။straight တစ်ယောက်နဲ့ gay တစ်ယောက်ကြားက bond ကိုလည်းသေချာမြင်ရမှာဖြစ်ပြီးBKPP ရဲ့ဓာတုဗေဒမိမှုတွေကိုလည်း အများကြီးမြင်တွေ့ရမှာပဲဖြစ်လို့ မကြည့်ဘဲကျော်သွားလို့လုံးဝမဖြစ်ပါဘူးနော်။