၁၉၉၅ နဲ့ ၁၉၉၆ခုနှစ်တို့များအကြား ဘယ်လ်ဂျီယံနိုင်ငံမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ကွင်းဆက်မုဒိမ်းကောင်/ကွင်းဆက်လူသတ်သမား/ အထူးသဖြင့် ကလေးသူငယ်များကိုပစ်မှတ်ထားဗလက္ကာရလုပ်သူ ဒုစရိုက်သမား “ Marc Paul Alain Dutroux “ ရဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ “ Marcel Dedieu “ ( အမည်ပြောင်း ) ကိုသုံးကာစိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမှန်တရားကိုချစ်မြတ်နိုးသူ ရဲဌာနက “ Paul Chartier “ ဖြစ်သူနဲ့အပြိုင် ဖြစ်ရပ်မှန်ကိုအနည်းငယ်ကွန့်ပြီးဖော်ပြရိုက်ကူးထားပါတယ်။ဘယ်လ်ဂျီယမ်နိုင်ငံ “ Charleroi “မြို့လေးမှာ မိန်းကလေးငယ်လေးတွေ ထူးဆန်းစွာပျောက်ဆုံးနေခဲ့ပါတယ်။မိဘတွေကလည်း ရဲတွေကိုပျောက်ဆုံးကြောင်းတိုင်ကြားသော်လည်းဒီအတိုင်းအိမ်ကနေထွက်ပြေးတာနေမှာဆိုပြီး ရဲများကလည်း ပေါ့တန်စွာကောက်ချက်ချထားကြပါတယ်။ထိုခေတ်က ရဲဌာနအချင်းချင်းလည်း အပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ “ PaulChartier “ ရဲ့အရည်အချင်းကိုသိထားသူ အရာရှိကြီး “ Hinkel “ ကပျောက်ဆုံးသွားတဲ့ကလေးတွေကိုရှာဖွေနိုင်ဖို့အတွက် “ Maldoror “ ဆိုတဲ့ လျှို့ဝှက်စစ်ဆင်ရေးကို စတင်ပါတော့တယ်ရဲဌာနတစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်တွေနဲ့မတည့်ကြတော့ ဒီစစ်ဆင်ရေးကြီးအောင်မြင်သွားရင် “ Hinkel “ တို့ရဲ့ရဲဌာနကြီးမျက်နှာပွင့်လန်းနိုင်ပြီး ဂုဏ်ဆာနိုင်အောင်လို့ဆိုပြီး စတင်ခဲ့ကြပါတယ်အစပိုင်းမှာတော့ ရိုးရိုးသာမန်အမှုလို့ထင်ရနိုင်ပေမယ့်လည်း အနယ်နယ်အရပ်ရပ်က အကောင်ကြီးတွေပါ ပါဝင်ပတ်သက်နေသလို ဒုစရိုက်သမား “ Marcel Dedieu “ ဟာ သူ့ကိုကာကွယ်ပေးတဲ့အကောင်ကြီးတွေရှိနေတဲ့အတွက်ကြောင့် ပြောင်ပြောင်တင်းတင်းကျူးလွန်လာနိုင်ပြီး အမှုကိုလိုက်ဖို့ရာခက်ခဲနေခဲ့သလိုမသေသင့်တဲ့အသက်ပေါင်းများစွာလည်းကြွေလွင့်ခဲ့ရပါတယ်။ဉပဒေရဲ့ဘောင်အတွင်းကနေ ဒုစရိုက်သမားကိုအပြစ်ပေးလို့မရနိုင်တာကို သိလာခဲ့တဲ့ “ Chartier “ဟာ ဘောင်ကိုကျော်လွန်၍ဘယ်လိုလက်စသတ်ပေးမလဲဆိုတာကို crime thrillerငတ်နေသူများအဖို့ ကြေကွဲဖွယ်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။