Yang Soon-Ho ဟာ အကြွေးတွေ ဝိုင်းနေတဲ့ ဆင်းရဲတဲ့ ရှေ့နေတစ်ယောက်ပါ။တစ်ရက်မှာတော့ လူသတ်မှုတစ်ခုရဲ့ တရားပြိုင်ရှေ့နေအဖြစ် တာဝန်ယူဖြေရှင်းရဖို့ ဖြစ်လာပြီးထိုအမှုရဲ့ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်တဲ့ Autism ကျောင်းသူလေး Im Ji-Woo နဲ့တွေ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ပုံမှန်လူတွေနဲ့မတူ ထူးခြားတဲ့ မျက်မြင်သက်သေ Autism ကျောင်းသူနဲ့ .. ရှေ့ရေးအဆင်ပြေဖို့အရေးသာ ဦးစားပေးနေရတဲ့ ရှေ့နေတို့ တွေ့ဆုံလာကြရတဲ့အခါ…ရှေ့နေ Yang Soon-Ho ဟာ မျက်မြင်သက်သေဖြစ်သူ Im Ji-Woo ကို သူလိုချင်တဲ့ ထွက်ဆိုချက်ရဖို့ရာဘယ်လိုတွေ ချဉ်းကပ်သွားမလဲ…နောက်ဆုံးမှာရော ဘယ်လိုအမှန်တရားက စောင့်မျှော်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။