Transformers ရုပ်ရှင် ပထမဆုံးသုံးကားက ပင်တိုင်ဇာတ်ကောင် Shia LaBeouf ရဲ့ ရုပ်ရှင်သစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ဟင်နရီဂျွန်ဆန်ဆိုတဲ့ ဇာတ်ကောင်၊ သူ့ကုမ္ပဏီပိုင်ရှင်သူဌေး၊ထောင်ထဲက အခန်းဖော်၊ ထောင်စောင့်။ ဒီလေးယောက်စကားပြောနေရင်းနဲ့ပဲ ဇာတ်လမ်းကို ပုံဖော်သွားခဲ့တာပါ။ဟင်နရီက ထောင်ထဲကသူငယ်ချင်းဖြစ်သူ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့အရေး သူ့သူဌေးဆီကနေ အလုပ်ကမ်းလှမ်းပေးဖို့တောင်းဆိုရာက သူကိုယ်တိုင် ဂျေးအောင်းလိုက်ရတယ်။ဒီမှာပဲထောင်ထဲကအခန်းဖော်ဆီက စနစ်ကြီးနဲ့ မိန်းမတွေဆိုတာ ဘယ်လောက်မယုံကြည်ရကြောင်း ဩဝါဒအကြီးကြီးတွေမှာ မှိုင်းမိပြီး ဦးနှောက်ဆေးခံလိုက်ရတာကနေစလို့ဘယ်လိုဆက်ဖြစ်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။