Romcom ချစ်သူတွေအတွက် အရမ်းအကြိုက်တွေ့မယ့်ကားတကားပါပဲ။ ဒီကားလေးကလေ sequel သုံးကားရှိတယ်။ဇာတ်လမ်းoriginကတော့ Angie ဆိုတဲ့အဘွားကြီးကကလေးတွေအများကြီးကိုမွေးစားထားပါတယ်။ အခုတော့အဲ့ကလေးတွေကကြီးပြင်းပြီးအလုပ်ကိုယ်စီနဲ့ပေါ့။ခုနကပြောတဲ့sequelဆိုတာလည်း အဲ့ကလေးတစ်ယောက်ချင်းစီရဲ့Love lifeကိုရိုက်ပြထားတာပေါ့ဗျာ။ဒီကားထဲမှာတော့Joshဆိုတဲ့သင်္ချာဆရာလည်းဖြစ်ကာယဆရာလည်းဖြစ်တဲအကိုကြီးက ကျောင်းကိုအသစ်ပြောင်းလာတဲ့ဂီတဆရာမကို ကြွေမိသွားတဲ့ကားပဲဖြစ်ပါတယ်။ကြွေတာတောင် သူတို့ကျောင်းအတွက်လိုအပ်တဲ့ရန်ပုံငွေတူတူရှာရင်းနဲ့ကြွေသွားတာဗျာ။အဲ့တော့ မိသားစုအရူပ်တော်ပုံနဲ့ ဂျော့ဂ်ျတယောက် သူ့အချစ်တော်ဆရာမလေးနဲ့အဆင်ပြေပါ့မလားဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်။