Doc Holliday HD

Doc Holliday

Western HD 2023-03-01 8.3 0 Min

အမေရိကန်ရဲ့ သမိုင်းဝင် နာမည်ကျော် လူသတ်သမား၊ ဆရာဝန်နဲ့ လောင်းကစားသမား Doc Holliday ရဲ့ ဘဝကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။DocHolliday ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ “Tombstone” (1993) နှင့် “Wyatt Earp” (1994) တို့လို နာမည်ကျော်ရုပ်ရှင်တွေနဲ့ မတူဘဲ မတူညီတဲ့ရှုထောင့်ကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။Doc Holliday” (2023) ဇာတ်ကားမှာ Doc Holliday ရဲ့ ဘဝအစ၊ သွားဆရာဝန်ဘဝမှ စတင်ကာ အနောက်တိုင်းမြေသို့ ရောက်ရှိလာပုံ၊ လောင်းကစားသမားဘဝသေနတ်ပစ်သမားတစ်ယောက် ဖြစ်လာပုံအထိ အသေးစိတ်ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ်။Tombstone ဇာတ်ကားထဲက Doc Holliday ရဲ့ ခပ်မိုက်မိုက်ပုံစံတွေကို မြင်တွေ့ရမှာထက်သူ့ခံစားချက်၊ စိတ်ဒဏ်ရာ၊ ရုန်းကန်လှုပ်ရှားမှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။Tombstone ထဲကနဲ့ မတူညီကွဲပြားတဲ့ Doc Holiday ဇာတ်ကောင်ကို မြင်တွေ့ချင်သူများအတွက်ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။