မသာယာတဲ့ အိမ်ထောင်ရေးကနေ လတ်တလောမှလွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ဆုန်းဟျွန်း (Moon So-ri) နဲ့ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားလေ့ရှိတဲ့ကောင်လေးယွန်းယောင်း (Park Hae il)တို့ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ယွန်းယောင်းဟာ သူ့ရဲ့မရီးဖြစ်သူ ဆုန်းဟျွန်းကို သဘောကျနေခဲ့သူဖြစ်ပါတယ်။ဆုန်းဟျွန်းတစ်ယောက်ကွာရှင်းပြီးတဲ့နောက် သူတို့နှစ်ဦးပိုပြီးရင်းနှီးလာကြပြီး တစ်နေ့ မူးမူးရူးရူးနဲ့ ဂွန်းဆန်းမြို့ကိုနှစ်ယောက်သား ခရီးထွက်လာခဲ့ပါတယ်။အော်တစ်ဇင်သမီးလေးတစ်ယောက်ရှိတဲ့ သူဌေး ဦးစီးတဲ့ တည်းခိုခန်းငယ်လေးမှာသူတို့ တည်းခိုကြရင်းနဲ့ ပေါ်ပေါက်လာတဲ့ အထင်လွဲမှုတွေ, ခံစားချက်တွေ, ဖြစ်ချင်တဲ့ဆန္ဒတွေကိုကဗျာဆန်ဆန်ဖော်ပြထားပါတယ်။ဒီဇာတ်ကားဟာ မြင်နေကျဇာတ်ကားတွေနဲ့ မတူဘဲနဲ့ စကားနဲ့ပြောပြလို့မရနိုင်တဲ့ ရသမျိုးစုံကိုပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်တဲ့အတွက် ပရိသတ်ကြီး အနေနဲ့ ကိုယ်တိုင်ကြည့်ရှု့ပြီး စုံလင်တဲ့ရသမျိုးစုံကိုဝင်ခံစားကြည့်လိုက်ကြပါဦးနော်။