One Summer Story HD

One Summer Story

Drama HD 2021-08-20 7.3 139 Min

မီနာမီဟာ အထက်တန်းကျောင်း ဒုတိယနှစ်ရဲ့ ရေကူးအသင်းဝင်တစ်ယောက်ဖြစ်ပါတယ်။အနှစ်သက်ဆုံး Anime ကတော့ Buffalo Plaster ခိုတဲခိုဖြစ်ပြီး တစ်နေ့တော့ ကျောင်းမှာသူနဲ့အကြိုက်တူ ခိုတဲခို mateကိုရှာတွေ့သွားပါတယ်။ သူတို့နှစ်ယောက် ခိုတဲခိုနဲ့ပတ်သက်ပြီးရင်းနှီးသွားရာမှ မီနာမီဟာ အဆောင်လက်ဖွဲ့ကနေတစ်ဆင့် ဖခင်အရင်းကို လိုက်ရှာနေတာကိုမိုဂျိက သတိထားမိသွားပါတယ်။ မိုဂျိကလည်း သူ့ရဲ့အစ်ကိုဖြစ်သူကို မီနာမီရဲ့အဖေအကြောင်းစုံစမ်းပေးဖို့ အကူအညီတောင်းရာကနေတစ်ဆင့် ဖခင်ဖြစ်သူနဲ့ အဆက်အသွယ်ရသွားပေမဲ့လည်းမီနာမီရဲ့ အဖေဟာ ဘာသာရေးအသင်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်နေတာကြောင့်  သူငယ်ချင်းများကစိုးရိမ်စိတ်နဲ့ ဖခင်ဖြစ်သူကို သွားမတွေ့ဖို့ ဟန့်တားခဲ့ပေမဲ့ မီနာမီကတော့ သိချင်စိတ်ပြင်းပြကာအိမ်ကခိုးထွက်ပြီး ဖခင်အရင်းကိုသွားတွေ့ပါတော့တယ်။ဖခင်ဖြစ်သူနဲ့ မီနာမီတို့ တွေ့ဆုံရာကနေ သူငယ်ချင်းတွေ တွေးထားသလို မီနာမီကို ဘာသာရေးဂိုဏ်းထဲ သွင်းမလား…ဘာတွေ ဆက်ဖြစ်ကြမလဲ…. ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။