Karan Arjun FHD

Karan Arjun

Action Thriller FHD 1995-01-13 6.7 175 Min

ဒူရ်ဂါဆင်းဂ် (Raakhee) ဟာ ဆင်းရဲနုံချာလှတဲ့ အမျိုးသမီးကြီးပေမဲ့ တည်ငြိမ်ရိုးသားပြီး ၊ ကရန်(ဆယ်လ်မားန်) နဲ့ အာဂျွန်(ရှာရွတ်) ဆိုတဲ့ သားနှစ်ယောက်ကိုလူလားမြောက်ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ခဲ့တဲ့ အာဂ မုဆိုးမအမျိုးသမီးကြီးပါ ။ တစ်နေ့မှာ သူမရဲ့ ယောက္ခထီး (Thakur) ရဲ့ နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်ကြောင်းလူတစ်ယောက်က သူမကို လာရောက်အကြောင်းကြားတာကို သားနှစ်ယောက်ကြားသိသွားခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် က Thakur ဟာ သားတို့ရဲ့ဘိုးဘိုးဖြစ်ကြောင်း နဲ့ သူမခင်ပွန်း ဟာသူ့ဖေဖေ (နယ်မြေဧကများစွာတို့ရဲ့ အရှင်သခင် သူဌေးကြီး) သဘောမတူတဲ့ကြားက သူမကို လက်ထပ်ခဲ့လို့ သူမတို့ကို အမွေပြတ်စွန့်လွှတ်ခဲ့တာ ဖြစ်ကြောင်း ၊ ခု သူ( Thakur) မဆုံးခင်မှာသူ့ရဲ့မြေးနှစ်ယောက်ကို အမွေလွှဲပေးချင်လို့ လာခေါ်တာဖြစ်ကြောင်း သားနှစ်ယောက်ကို ဖွင့်ပြောပြခဲ့တယ် ။ဒူရ်ဂျန်း(Amrish Puri) ဟာ Thakur ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်။ သူက Thakur ရဲ့ နယ်မြေများစွားနဲ့ တစ်သက်စားမကုန်တဲ့ အမွေတွေကို တစ်ယောက်တည်း မောင်ပိုင်စီးလိုမှုနဲ့လောဘ ရမ္မက်မီးတောက်နေသူ ။ ဒူရ်ဂျန်းဟာ မြေးနှစ်ယောက်အလာကိုမျှော်နေရှာတဲ့ Thakur ကို ဒီစည်းစိမ်းအာဏာတွေကို သူလိုချင်လွန်းလို့ Thakurရဲ့သား (ကရန်-အာရ်ဂျွန်ရဲ့ဖေဖေ) ကိုလွန်ခဲ့တဲ့ နှစ်များစွာကတည်းက သူကိုယ်တိုင် သတ်ခဲ့တာ ဖြစ်ကြောင်းဖွင့်ပြောပြီး ၊ Thakur ကိုလဲ သတ်ခဲ့တယ် ။ ဒါ့အပြင် ရောက်ရှိလာခဲ့တဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ ကရန် – အာရ်ဂျွန် ညီအစ်ကိုကိုလဲ ဒူရ်ဂျန်း နဲ့ အဖွဲ့က သူ့မေမေမုဆိုးမကြီး ဒူရ်ဂါဆင်းဂ် ရှေ့မှာရက်ရက်စက်စက် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့တယ် ။ အသည်းနှလုံးအိမ်တစ်စစီ ကြွေခဲ့ရတဲ့ ဒူရ်ဂါဆင်းဂ် ဟာ ဒီအဖြစ်ကို လုံးဝ မခံမရပ်နိုင်ခံစားရရှာပြီး၊ ကာလီမယ်တော်ကို တိုင်တည်သစ္စာပြုကာ သူ့ရဲ့သားနှစ်ယောက် လု့လောကကို ပြန်လည်မွေးဖွားလာပြီး ၊ ဒီလိုလူမဆန်တဲ့သစ္စာမဲ့တဲ့ လူယုတ်မာတွေကိုကလဲ့စားခြေသုတ်သင်နိုင်ပါစေကြောင်း ကျိန်ဆိုခဲ့တယ် ။ ဒူရ်ဂါဆင်းဂ် ရဲ့ ကျိန်စာတွေ အယုတ်တမာမှူအပေါင်း သရဖူဆောင်းထားတဲ့ ဒူရ်ဂျန်းကို သင့်ပါ့မလား ။ ကရန်-အာရ်ဂျွန်ညီအစ်ကိုကရော လူ့လောကကို တစ်ဖန်ပြန်လည်ဝင်စားမွေးဖွား့ပါ့ဦးမလား ဆိုတာ ဆက်ကြည့်လိုက်နော် ။ လုံးဝကို အကြမ်းကြီးနော် ။♠ဘောလီးဝုဒ် ရဲ့ အခန့်ညားဆုံးမင်းသားလေးHrithik Roshan အတွက် ဒီဇာတ်ကားဟာ သူ့ရဲ့ ပထမဦးဆုံး လက်ထောက်ဒါရိုက်တာ လုပ်ခဲ့တဲ့ ရုပ်ရှင်ပါတဲ့ ။♠ဇာတ်ကားတစ်ကားလုံးကို ရာဂျစ်စတန် မှာရိုက်ကူးခဲ့ပြီး ၊ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတွေရိုက်တဲ့ ရွာကတော့ ရာဂျစ်စတန် ပြည်နယ် ၊ အယ်လ်ဝါခရိုင်ရှိ ဘန်ဂါ့သ်ရွာမှာ ရိုက်ကူးခဲ့တယ် ။♠ ဒီဇာတ်ကားထဲက ဒူရ်ဂါမယ်တော် ဘုရားကျောင်း ကတော့ အဂျ်မာရ်အနီးရှိ ပူရ်ကားရ်ရွာမှာ တည်ထားတဲ့ မယ်တော်ကျောင်းပါတဲ့ ။♠ဒီ ကရန်- အာရ်ဂျွန် အတွဲအတွက် Sunny Deol နဲ့ Ajay Devgan အတွဲကို အရင်ကမ်းလှမ်းခဲ့ပြီး ၊ သူတို့က ရိုက်ရက်မပေးနိုင်လို့သာ ဆယ်စုနှစ်တွေကြာသည့်တိုင် မမေ့နိုင်တဲ့ ကျနော်တို့ရဲ့SRK -Sallu အတွဲကို ကြည့်မြင်ခွင့်ရခဲ့တာပါ ။♠Filmfare Best Action Award နဲ့ Filmfare Best Editing Award ရခဲ့တယ် ။♠ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်တေးတွေကို Rajesh Roshan (ဒါရိုက်တာ ရာကေ့ရှ်ရိုရှန် ရဲ့ ညီ) ကိုယ်တိုင်သီကုံးရေးဖွဲ့ခဲ့ပြီး ၊ ဒီသီချင်းတွေရဲ့ မူပိုင်ခွင့်တွေကိုတော့ Times Magnetic မှအစောပိုင်းကတည်းက ဝယ်ယူသွားခဲ့တယ် ။♠ ဒီဇာတ်ကားနာမည် ကို အစောပိုင်းတုန်းက “Kaaynaat ” လို့ပေးထားခဲ့တာပါတဲ့ ။♠ ကရန်ဇာတ်ကောင်အတွက် ဆယ်လ်မားန် ကို ရွေးချယ်ဖို့ရှာရွတ်က မရမက တောင်းဆိုခဲ့တယ် ။♠ ရှာရွတ် နဲ့တွဲမဲ့ မင်းသမီးကို ဂျူဟီးချော်လာကို အရင်ရွေးချယ်ဖို့စဉ်းစားခဲ့ပြီး ၊ ကာဂျိုးကို အတည်ပြုရွေးချယ်ခဲ့တယ် ။ ဆယ်လ်မားန် နဲ့တွဲမဲ့မင်းသမီးကိုလဲ Nagma ကိုအရင်ရာထားခဲ့ရာကနေ Mamta Kulkarni ကို နောက်ဆုံးရွေးချယ်ဖြစ်သွားခဲ့တယ် ။