Materialists HD

Materialists

Drama Romance HD 2025-06-12 6.9 116 Min

လူစီက အောင်သွယ်တော်လုပ်ပေးတဲ့ကုမ္မဏီမှာ အချစ်ပျောက်ငှက်ငယ်တွေကို နဖူးစာရွာလည်စေတဲ့ ဖူးစာရေးနတ်သမီးလေးပေါ့။ လူစီရဲ့ အကျိုးဆောင်မှုကြောင့် အခုဆိုလက်ထပ်သွားတဲ့စုံတွဲ ကိုးတွဲတောင်ရှိပါပြီ။နောက်ဆုံးတစ်တွဲကတော့ သူမကို လက်ထပ်ဖိတ်စာပို့ထားတဲ့အတွက် လူစီတစ်ယောက် သတို့သမီးနဲ့ သတို့သားကို ဂုဏ်ပြုချင်တာကတစ်ကြောင်းအောင်သွယ်ရေး ပရိုမိုးရှင်းဆင်းချင်တာကတစ်ကြောင်းနဲ့ မင်္ဂလာဆောင်ကို သွားရောက်ခဲ့ပါတယ်။မင်္ဂလာဆောင်ပါတီကိုရောက်တော့ သူမဟာ သတို့သားရဲ့အစ်ကိုဖြစ်သူ ဟယ်ရီဆိုတဲ့ Daddytype ရုပ်ရှိငွေလျှံဘဲကြီးနဲ့ ကြုံကြိုက်သွားခဲ့ရင်း စကားပြောဖြစ်ကြပါတယ်။သူတို့နှစ်ယောက်သား ကီးကိုက်သလို ရှိနေပြီး ဟယ်ရီကလည်း သူမကို စိတ်ဝင်စားနေပါတယ်။ အဲအချိန်မှာ သူမငါးနှစ်တာတွဲခဲ့တဲ့ ရည်းစားဟောင်း ငမွဲကောင်လေး ဂျွန်က မင်္ဂလာဆောင်မှာ စာပွဲထိုးဝင်လုပ်ရင်းက သုံးယောက်သား တေ့တေ့ဆိုင်ဆိုင် တွေ့ကြပါတော့တယ်။အဲလိုကနေ လူစီတစ်ယောက်ငါးနှစ်တာချစ်ခဲ့တဲ့ ရည်းစားဟောင်း ဂျွန်ဆီကိုပဲ စိတ်ပြန်ပါသွားမလား၊ အရွယ်ရောက်ရင့်ကျက်လာပြီး အခြေတကျဖြစ်ချင်တဲ့စိတ်ကြောင့် ဟယ်ရီဆီကိုပဲ စိတ်ယိုင်သွားမလားဆိုတာကိုကြည်နူးဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။