အထက်တန်းကျောင်းသူလေး ယောင်းရှင်း (Park So-Dam) ဟာ ညဘက်ကြီး ကားတိုက်ခံခဲ့ရပြီးနောက်မကြာခင်မှာပဲ ထူးခြားဆန်းပြားတဲ့ လက္ခဏာတွေ ခံစားလာရပါတယ်။ဖာသာဂင်(Kim Yun Seok) ဆိုသူက ယောင်းရှင်းရဲ့အသိဖြစ်ပြီး ဆေးရုံကို လာတွေ့ပြီးနောက်မှာယောင်းရှင်းကိုယ်ထဲ နတ်ဆိုးစွဲကပ်နေကြောင်း သိရှိသွားပြီး အားလုံးရဲ့ ကန့်ကွက်မှုတွေသံသယတွေကြားကယောင်းရှင်းကို အပနှင်ပေးဖို့ အစီအစဉ်ချပါတော့တယ်။ ဒီအတွက် အရည်အချင်းအားလုံးနဲ့ ကိုက်ညီတဲ့လက်ထောက်ဖာသာတစ်ဦးကို လိုအပ်နေခဲ့ပြီးကျမ်းစာသင်ကျောင်းသားဖြစ်သူသင်းထောက် ချွဲဂျွန်ဟို (Gang Dong-Won) က ရွေးချယ်ခံလိုက်ရတော့တာပေါ့။ဒီလိုနဲ့ ယောင်းရှင်းကို ကယ်တင်ပေးနိုင်မဲ့ တစ်ခုတည်းသော အခွင့်အရေးဖြစ်တဲ့တစ္ဆေကြီးပွဲတော်နေ့မှာဖာသာဂင်နဲ့ သင်းထောက်ချွဲတို့ အသက်ရင်းပြီး အန္တရာယ်များတဲ့ အပနှင်ပွဲကို ပြုလုပ်ကြတဲ့အခါမှာတော့…အန္တရာယ် အခက်အခဲများစွာကြားထဲကနေ ဖာသာဂင်နဲ့သင်းထောက်ချွဲတို့က ကျောင်းသူလေး ယောင်းရှင်းကိုဘယ်လိုမျိုး ကြိုးစားကယ်တင်ပေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။