ဒီကားလေးကတော့ အပိုင်းလေးနှစ်ပိုင်းခွဲပါပြီးတော့ စိတ်အေးအေးလေးနဲ့ ဇာတ်ကားတွေရဲ့ plot ကိုအရမ်းကြီးစိတ်မဝင်စားဘဲစိတ်ပြေလက်ပျောက်ကြည့်ချင်သူများအတွက် recommendedလေးပေးချင်တဲ့ ကားလေးပါဗျ။ဇာတ်ကားလေးရဲ့အကြောင်းအရာကတော့ ဒေါက်တာနောန်လိုခေါ်တဲ့ဆရာဝန်ဟာ နယ်ဝေးဆေးရုံသေးလေးမှာ အလုပ်ကျပြီးတော့အဲ့ဒီက ဘဝကိုဘယ်လိုဖြတ်သန်းပြီး တစ်ခြားသူတွေနဲ့ဘယ်လိုဆက်ဆံရင်း character တစ်ဦးချင်းဆီရဲ့ အမြင်ကိုပြထားတာဖြစ်တဲ့ ဇာတ်ကြောင်းလေးဖြစ်ပါတယ်။ဒုတိယ အပိုင်းမှာကြတော့ ဒေါက်တာဟာမြို့ပေါ်က ဆေးရုံကြီးမှာအလုပ်ပြန်ကျပြီး အဲ့ဒီဆေးရုံမှာပဲ သာမန်ဆရာဝန်ရဲ့ဘဝဖြတ်သန်းပုံ ဟာသတွေပါရောနှောပါဝင်ပြီးတော့ကြည့်ရသူမငြီးငွေ့အောင် ရိုက်ကူးထားတဲ့ကားလေးဖြစ်တာကြောင့် ဘယ်လိုဇာတ်လမ်းလေးဖြစ်မလဲ အားလုံးပဲအတူတူ ကြည့်ရှုခံစားလိုက်ကြရအောင်။