၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogyတစ်ကားလည်းဖြစ်ပါတယ်အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam’s Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့….တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကိုလက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trierရဲ့စိတ်ကူးပဲဖြစ်ပါတယ်…… Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce Dallas Howard ရဲ့ထူးခြားပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်….ဂရေ့စ် တစ်ယောက် မန်းဒလေး ကကျွန်တွေရဲ့ဘဝကို ဒီမိုကရေစီနည်းနဲ့ ပြောင်းလဲအုပ်ချုပ်လို့ရပါ့မလား….ခြံပိုင်ရှင်လူဖြူမိသားစုကရော ဂရေ့စ် ကိုဘယ်လိုသဘောထားပြီးဆက်ဆံမှာလည်း….. ကျွန်စနစ်ကိုဖျက်သိမ်းလိုက်ပါပြီလို့ ကြေညာထားတဲ့ အမေရိကန်နိုင်ငံကိုယ်တိုင်ကရောဘယ်လိုသဘောထားတွေရှိနေတာလဲ….. ဂရေ့စ် တွေးထားသလို ခြေနှစ်ချောင်း ကယ်ကောင်းရဲ့လား ဆိုတာတွေကိုတော့……