0000 kilometre(2024) ရုပ်ရှင်ဟာဆိုရင် 3391 kilometre movieရဲ့sequel ဖြစ်ပြီး turkish romance/drama အမျိုးစားပဲ ဖြစ်ပါတယ်။Izmir နဲ့ Ege ဆိုတဲ့ ချစ်သူ၂ဦးဟာ long distance couple ဘဝကနေ စတင်ပြောင်းလဲပြီး တစ်အိမ်ထဲ တူတူနေထိုင်ကြပါတယ်။သူတို့ရဲ့ပျော်ရွှင်နေတဲ့အချိန်တွေထဲမှာ Izmirဆီကိုအမည်မသိဖုန်းတစ်call ဝင်လာရာကနေ ဇာတ်လမ်းလေးရဲ့ အရှုပ်တော်ပုံကစပါတော့တယ်။ဇာတ်လမ်းတစ်လျှောက်မှာလည်း ချစ်သူစုံတွဲတွေတိုင်းဖြစ်ရတတ်တဲ့ သဝန်တိုမှု၊မာန နဲ့သစ္စာဖောက်မှုတို့အပေါ် ပြဿနာတတ်ကြပုံကို ထည့်သွင်းရိုက်ကူးထားပါတယ်။Izmirနဲ့ Ege တို့ မိသားစုနှစ်ဖက်ကလည်း ကိုယ်စီအရှုပ်အရှင်းတွေ ဖြည်ချလိုက်တဲ့အချိန် ဖြစ်လာမယ့် သမီးရည်းစား ကတောက်ကဆတွေကို ဘယ်လိုဖြေရှင်းသွားမလဲ…မိသားစုတွေနဲ့ရောပြန်အဆင်ပြေနိုင်မလား၊ Ege တို့ ၂ယောက်ရော ပေါင်းစည်းသွားနိုင်မလားဆိုတာကိုတော့ တူတူလိုက်ပါကြည့်ရှုလိုက်ရအောင်…။