Mongrels HD

Mongrels

Drama HD 2024-09-28 7.25 106 Min

ဒီတစ်ခေါက်မှာတော့ Seattle International Film မှာ Best Director ဆုရခဲ့တဲ့ကိုးရီးယားရုပ်ရှင်ကောင်းလေး တစ်ခုကို CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဇနီးဖြစ်သူ ဆုံးပါးပြီးတဲ့နောက် အမဲလိုက်သမားအဖြစ်နဲ့ကနေဒါကိုထွက်လာခဲ့တဲ့ အီဂွမ်ဆွန်းတို့ သားအဖသုံးယောက်အကြောင်းဖြစ်ပါတယ်။စားဝတ်နေရေး ချောင်လည်ဖို့အတွက် တိုင်းတစ်ပါးကို ထွက်လာခဲ့ပေမဲ့ သူ့အလုပ်ကတောရိုင်းခွေးတွေကို သတ်ပစ်တဲ့အမဲလိုက်သမား ဖြစ်နေတဲ့အခါအီဂွမ်ဆွန်းက သူ့သားနဲ့ သမီးအတွက် စံပြအဖေကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား…မိသားစုဝင်သေဆုံးမှုအတွက် စိတ်ဒဏ်ရာကိုယ်စီ ရှိနေတဲ့သားအဖတတွေဟာ ဒီစိတ်ဒဏ်ရာတွေကိုကိုင်တွယ်ပုံချင်းမတူကြတဲ့အခါ ဘယ်လိုကတောက်ကဆတွေ ပေါ်လာကြမလဲ…ဒီကြားထဲမှာမှ ရုတ်တရက် ကွာခြားသွားတဲ့ ယဉ်ကျေးမှုနဲ့ဓလေ့တွေရယ် ဘယ်အရာမဆိုသင်ယူစူးစမ်းလိုတဲ့အရွယ်ရောက်နေတဲ့ကလေးနှစ်ယောက်ရယ်ကြားမှာ အီဂွမ်ဆွန်း တစ်ဖြစ်လဲဆိုနီ ဘယ်လိုလွန်ဆွဲရမလဲဆိုတာကိုတော့ Mongrels 2024ရုပ်ရှင်မှာ အတူတူကြည့်ရှုခံစားလိုက်ရအောင်နော်။