Grace by Night HD

Grace by Night

Drama HD 2024-10-15 7 136 Min

ဖြစ်ရပ်ဆိုးတစ်ခုနဲ့ ကြုံတွေခဲ့ရတဲ့ ဂျွန်အိန်းဟာ ကံကြမ္မာနဲ့ ဘဝရဲ့ အဓိပ္ပာယ်အပေါ် မေးခွန်းထုတ်လာခဲ့ပါတယ်။အဲဒီရဲ့အဖြေကို ရှာဖို့အတွက် သူဟာ အရေးပေါ်အခြေအနေတွေကြုံတွေ့နေရတဲ့လူတွေကို 24/7 ကူညီပေးတဲ့အလုပ်ကို စေတနာ့ဝန်ထမ်းအနေနဲ့ လုပ်ခဲ့ပါတယ်။ဒီလိုမျိုး မျှော်လင့်ချက်ပျောက်ဆုံးနေသူတွေကို ကူညီပေးရင်းနဲ့ သူ့ကိုယ်တိုင်ကပြန်ပြီးအကူအညီပြန်ရသလိုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ အရေးပေါ်ကူညီကယ်ဆယ်ရင်းနဲ့ကယ်လ်ဗင်ရိဒ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။မိဘရဲ့ဂရုစိုက်မှုကို မခံရဘဲအခြေမဲ့အနေမဲ့ပုံစံဖြစ်နေတဲ့ ဒီကောင်လေးကို ကူညီရင်းနဲ့ ကောင်လေးရဲ့ ရည်မှန်းချက်အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ပေးဖို့အထိ ဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ဦးဟာဘဝနဲ့ဆိုင်တဲ့မေးခွန်းများစွာကို အဖြေရှာကြရင်း အိပ်မက်ကိုအကောင်အထည်ဖော်ကြပုံကို တွေ့မြင်ရမှာပါ။ဒီကားလေးဟာ နပန်းအားကစားအကြောင်းရိုက်ကူးထားပြီး ၊ ယုံကြည်မှုနှင့်ဝိဉာဉ်ရေးရာအကြောင်းအရာများပါသည့် Sport, Faith and Spirituality, Drama အမျိုးအစားကားလေးဖြစ်ပါတယ်။ဒီဇာတ်ကားးလေးကိုကြည့်ပြီး တစ်ခါတစ်ရံမှာအကြီးကျယ်ဆုံးသောအလုပ်တွေဟာ အကျိုးအပဲ့တွေကနေတစ်ဆင့် ဖြစ်ပေါ်လာတယ်ဆိုတာကို message တစ်ခုရကြမှာပါ။