My Annoying Brother HD

My Annoying Brother

Comedy Drama HD 2016-11-24 8.038 110 Min

2024 ခုနှစ်က Pilot ရုပ်ရှင်မှာလေယာဉ်မယ်ဇာတ်ရုပ်နဲ့ အပီအပြင်ကဲခဲ့တဲ့Jo Jung Suk, EXO အဖွဲ့ဝင် D.O. နဲ့ မမ Park Shin Hye တို့ပါဝင်ထားတဲ့ဒရာမာကားဟောင်းလေးကို ပရိသတ်ကြီးတို့ကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။“Old but gold” ဆိုတဲ့အတိုင်း2016 ခုနှစ်က ထွက်ရှိခဲ့ပေမဲ့ ဘယ်အချိန်ကြည့်ကြည့်ရင်ထဲမှာတမြေ့မြေ့နဲ့ခံစားရမဲ့ ကားကောင်းလေးပါ။ညီအစ်ကို နှစ်‌ယောက်ရဲ့ သံယောဇဉ်ကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်တင်ဆက်ထားတာမို့ဇာတ်ညွှန်း‌လေးကို ဖတ်ရှုလိုက်ကြပါဦး။“ဂိုဒူရှစ်” နဲ့ “ဂိုဒူယောင်း” တို့က အဖေတူ အမေကွဲ ညီအစ်ကိုတွေဖြစ်ကြပြီးငယ်စဉ်မှာအတွဲညီခဲ့ကြပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာခဲ့ကြရသူတွေပါ။လက်ရှိမှာတော့ “ဂိုဒူယောင်း” က အောင်မြင်တဲ့ နိုင်ငံ့ကိုယ်စားပြုဂျူဒိုကစားသမားဖြစ်နေပေမဲ့ကံမကောင်းစွာဘဲ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးသွားရပါတော့တယ်။တစ်ဖက်မှာလည်း လိမ်လည်မှုနဲ့ထောင်ကျနေခဲ့တဲ့ အစ်ကိုဖြစ်သူ “ဂိုဒူရှစ်”ကညီဖြစ်သူ “ဂိုဒူယောင်း” ရဲ့ အမြင်အာရုံချို့ယွင်းမှုကို အသုံးချပြီး ညီဖြစ်သူကိုပြုစုစောင့်‌ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်ကထွက်ရအောင် ကြိုးပမ်းနေတာပေါ့။ဒီလိုနဲ့သူ့အကြံအစည်အောင်မြင်သွားပြီး ဝေးကွာခဲ့ကြတာ ၁၅ နှစ်ကြာပြီးမှပြန်ဆုံကြတဲ့သူတို့နှစ်ဦး ဘယ်လိုအခက်အခဲပဋိပက္ခတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကိုစိတ်ဝင်တစားရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ပါတယ်။